၂၀၁၉မှာ ခြောက်ကြိမ်မြောက်ရွှေဘောလုံးဆု ရယူနိုင်ဖို့အလားအလာကောင်းနေပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ တစ်ကမ္ဘာလုံးက တညီညွတ်တည်းသတ်မှတ်ထားကြတဲ့ ဘာစီလိုနာအသင်းက အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒီရာသီမှာ မယုံနိုင်စရာ ခြေစွမ်းနဲ့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်နေပါတယ်။

 

Fox Sports Asia ရဲ့ဖော်ပြချက်အရ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ဒီရာသီသွင်းဂိုးနဲ့ ဂိုးဖန်တီးပေးမှုတွေက မယုံနိုင်စရာကောင်းအောင်ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲ လေးပွဲသာရှိခဲ့ပြီး အဲ့ဒီလေးပွဲမှာ နှစ်ပွဲသာပွဲချိန်ပြည့်ကစားခွင့်ရခဲ့တာပါ။



မက်ဆီဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲတွေကတော့ လာလီဂါပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဗယ်လာဒိုးလစ်၊ ဆိုစီဒက်တို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်၊ စပါးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ကိုပါဒယ်ရေးပွဲစဉ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ပွဲတွေပါ။ ဒါပေမယ့်လည်း မက်ဆီဟာ အထက်ပါပွဲစဉ်လေးပွဲမှာ စပါး၊ ရီးယဲလ်တို့နဲ့နှစ်ပွဲသာ ပွဲချိန်ပြည့်ကစားခဲ့ရတာပါ။

မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ၂၈ပွဲကစားထားပြီး သွင်းဂိုး ၂၉ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှုအဖြစ် ၁၄ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။ မက်ဆီရဲ့သွင်းဂိုးအရေအတွက်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားနေရာအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဂျုဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သွင်းဂိုး ၁၉ဂိုးထက် ၁၀ဂိုးအထိပိုများနေပါတယ်။ ရော်နယ်ဒိုက ပြိုင်ပွဲစုံ ပွဲ၃၀အထိကစားထားပြီး ၁၉ဂိုးသွင်းယူထားနိုင်ပါတယ်

အသက် ၃၁နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးရဲ့လက်ရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ သူ့ပရိသတ်တွေကမျှော်လင့်နေကြပြီး ရွှေဘောလုံးဆုပြန်လည်ရယူနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးရွှေဘောလုံးဆုကို ငါးကြိမ်အထိရယူထားနိုင်ပြီး ၂၀၁၉မှာ ခြောက်ကြိမ်မြောက်ရယူနိုင်ဖို့အလားအလာကောင်းနေပါတယ်။ မက်ဆီဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ ဘာစီလိုနာကထွက်ခွာပြီး ပြိုင်ဖက် ရော်နယ်ဒိုရှိရာ စီးရီးအေကိုပြောင်းရွှေ့တော့မယ်လို့လည်း ကောလာဟလသတင်းတွေထွက်ပေါ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က