loading...

loading...

loading...

ဒုတိယပိုင်း ပွဲစစချင်း ချေပဂိုးကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ အယ်လီဂရီကပြောခဲ့ပါသေးတယ်။
Kyaw Ko Ko Sint

ဒီဂျောင်ကို လာမယ့်ရာသီမှာ ဘာစီလိုနာက ခေါ်ယူထားနှင့်ပြီ ဖြစ်ကာ သရေကျခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီဂျောင်ကို ဟန့်တားဖို့မလွယ်သလို ကျော်ဖြတ်ဖို့လည်း ခက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ဆိုခဲ့တာပါ။

ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီက အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ဂုဏ်ပြုစကားဆိုခဲ့တဲ့အကြောင်း Daily Mail ကဖော်ပြလာပါတယ်။

ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်အစမှာပဲ ဒေးဗစ်နီရက်စ်ရဲ့သွင်းဂိုးနဲ့ အေဂျက် အသင်းချေပဂိုး ပြန်ရခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာပါ။

အဆိုပါပွဲမှာ ဘာစီလိုနာအသင်းက ဝယ်ယူထားတဲ့ ဒီဂျောင်ဟာ အေဂျက်ကွင်းလယ်မှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ဒီဂျောင်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တယ်လို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ဝန်ခံခဲ့တာပါ။


“ ဒီဂျောင်က အခုပွဲသရေဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ၊ ရိုဒရီဂွက်ကို သူ့ကိုထိန်းဖို့ တာဝန်ပေးခဲ့ပါ တယ်၊ ဒါကို ဒီဂျောင်သိပြီး ကောင်းကောင်း လှည့်စားနိုင်ခဲ့ပါတယ်၊ သူကစားတာ အရမ်းကောင်းပါတယ်၊ အေဂျက်မှာ အဆင့်မြင့် စွမ်းရည်တွေ ရှိနေပါတယ်၊ သူတို့ ကျွန်တော်တို့ကို နေရာလွတ်တွေမပေးဘူး၊ဘောလုံး ကိုင်ကစားတာလည်း ကောင်းတယ်၊ ကျွန်တော်တို့ ခံစစ်တော်တော်ကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။” လို့ အယ်လီဂရီက ယူအီးအက်အေကို ပြောခဲ့တာပါ။

ဒုတိယပိုင်းအစမှာ ချေပဂိုး ပြန်ပေးလိုက်ရချိန်မှာ အသင်းအနေနဲ့ အနည်းငယ် အခက်တွေ့ခဲ့ရပြီး ပွဲစစချင်းမှာ ပေးလိုက်ရတာကြောင့် အားလုံး အံ့အားသင့်ခဲ့ရတယ်လို့လည်း အယ်လီဂရီက ဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ၄ ပွဲလောက် လွဲချော်ပြီးမှာ ပထမဆုံး ပြန်ကစားတဲ့ ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြပြီး အသင်းအတွက် သွင်းဂိုး တစ်ဂိုး ရယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုကိုလည်း အယ်လီဂရီက ချီးကျူးခဲ့ပါသေးတယ်။

“ရော်နယ်ဒိုက မတူညီတဲ့အဆင့်တစ်ခုကို ထပ်မံပြသခဲ့ပြန်ပါပြီ၊ သူ့ရဲ့ လှုပ်ရှားမှု၊နေရာယူမှုတွေက အခြားသူ တွေနဲ့တော့ ရိုးရှင်းစွာပဲ မတူညီတာကို တွေ့မြင်နိုင်မှာပါ။”လို့ပြောသွားတာပါ။


loading...

က္က