မူလာအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဂိုးဖန်တီးမှု ၉ကြိမ်သာပြုလုပ်ပေးနိုင်ခဲ့တာပါ။
Win Kyaw Min

မူလာအနေနဲ့ လေဗာကူဆင်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ ဂိုးဖန်တီးပေးမှု ၂ကြိမ်ပြုလုပ် နိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုးအရေအတွက် နည်းပါးခဲ့ပေမယ့် ဂိုးဖန် တီးမှုပိုင်းမြင့်တက်လာခဲ့ပြီး ဝုဖ်ဘတ်ကွင်းလယ်ကစားသမားဒီဘရိုင်းတင်ထားတဲ့ ဂိုးဖန်တီးပေးမှုစံချိန်ကို လို်က် မီဖို့ နီးစပ်ခဲ့ပြီဖြစ်တယ်လို့ Bundesliga.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမန်စီးတီးကွင်းလယ်ကစားသမားဖြစ်သူ ဒီဘရိုင်းအနေနဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီတွင်ဝုဖ်ဘတ်အသင်း အတွက်ကစားပေးခဲ့စဉ်က ဘွန်ဒက်စ်လီဂါတစ်နှစ်တာအတွင်း ဂိုးဖန်တီးပေးမှု ၂၁ကြိမ်ပြုလုပ်ပေးခဲ့ပြီး စံချိန်တ င်ထားခဲ့တာလည်းဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာကတော့ လေဗာကူဆင်ကိုအနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၃ဝမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက် လက်ရှိ ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း ဂိုးဖန်တီးမှုအကြိမ် ၂ဝရှိလာပြီဖြစ်တဲ့အ တွက် ဒီဘရိုင်းရဲ့ စံချိန်ကိုလိုက်မီဖို့ နီးစပ်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းရဲ့ ဒုတိယနေရာမှာ ဒေါ့မွန်ကစားသမားနှစ်ဦး ဖြစ်တဲ့ ဆန်ချိုက ၁၆ ဂိုး၊ သော်ဂန်ဟာဇက်က ၁၃ကြိမ်နဲ့ လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား အန်ကွန်ကူက ၁၃ ကြိမ်တို့နဲ့အတူ အစဉ်လိုက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီ လက်ကျန်ဘွန်ဒက်စ်လီဂါပွဲစဉ်ကို ပြန်လည်ကျင်းပနေပြီးဖြစ်ပြီး ရာသီပြီးဆုံးဖို့၄ပွဲသာ ကျန်ရှိနေချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယနေရာမှာရှိနေတဲ့ ဒေါ့မွန်အသင်းကို ရမှတ် ရမှတ်အထိဖြတ် ထားနိုင်ခဲ့ခြင်းကြောင့် ၈နှစ်ဆက်တိုက်ချန်ပီယံဆုအဖြစ်ရပ်တည်ရန် အသေချာဆုံးအခြေအနေတစ်ရပ်ကိုပိုင်ဆို င်ထားပြီလည်းဖြစ်ပါတယ်။


Author


က္က