ဒီလစ်ချ်အနေနဲ့ စီရော်နယ်ဒိုကြောင့် ဂျူဗင်တပ်ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။
Win Kyaw Min

အီတလီဝါရင့်ခံစစ်ကစားသမားတွေနဲ့အကြား အဆင်မပြေမှုများရှိနေခဲ့တဲ့ နယ်သာလန်နောက်ခံလူဒီလစ်ချ်ကို ခေါ် ယူဖို့အတွက် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတာပါ။

ဂျူဗင်တပ်အသင်းအနေနဲ့ ဥရောပအသင်းကြီးအချို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ လူငယ်နောက်ခံလူဒီလစ်ချ်အ တွက် ကမ်းလှမ်းလာတဲ့ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကိုငြင်းဆန်ပယ်ချခဲ့တယ်လို့အီတလီမီဒီယာတွေရဲ့ဖော်ပြချက် ကို thesun က ကိုးကားဖော်ပြလာပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုများအရ နယ်သာလန်လက်ရွေးစင်နောက်ခံလူဒီလစ်ချ်ဟာ ၀ါရင့်နောက်ခံလူ ချီ လီနီနဲ့အကြား အဆင်မပြေမှုများရှိနေခဲ့ပြီး ပွဲထွက်ကစားခွင့်ရရှိမှုပိုင်းမှာလည်း ဒုတိယဦးစားပေးအဖြစ်သာရှိနေ ခဲ့တဲ့အတွက် အသင်းပြောင်းရွှေ့လိုနေတယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့သူပါ။



ဘာစီလိုနာအသင်းအနေနဲ့ ဒီလစ်ချ်ကို အေဂျက်ဇ်အသင်းမှာရှိစဉ်ကတည်းက ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့ပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်က စီရော်နယ်ဒိုရှိရာ ဂျူဗင်တပ်အသင်းကို ရွေးချယ်သွားခဲ့တာလည်းဖြစ် ပါတယ်။

သတင်းဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းအနေနဲ့ ဒီလစ်ချ်ကို ခေါ်ယူဖို့အတွက် ကစားသမားတစ်ဦးအလိုက် ပေးကမ်းလှမ်းဖို့အထိ အသင့်ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် ပေါင် ၆၆သန်းနဲ့ပါကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်တပ်အ သင်းက တရားဝင်ပယ်ချသွားခဲ့တာပါ။

ဂျူဗင်တပ်အသင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ ဖေဘီယိုပါရာတီစီကိုယ်တိုင်က ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်း ခြင်းကို လက်ခံရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ဒီလစ်ချ်က အသင်းရဲ့ အနာဂတ်ကစားသမားတစ်ဦးဖြစ်ကြောင်း၊ အသင်းကနေ ရောင်းထုတ်ရမယ့် ကစားသမားစာရင်းတွင် ပါဝင်သူမဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုသွား ခဲ့ပါတယ်။


Author

  • Win Kyaw Min

က္က