ဒီနေ့ညမှာ ၂ပွဲကစားမှာဖြစ်ပြီး နောက်တစ်ရက်မှာ ကျန် ၂ပွဲဆက်ကစားမှာပါ။
Pyae Phyo Thein

မနက်ဖြန်နံနက် မြန်မာစံတော်ချိန် (၁း၃၀)နာရီမှာတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ကစားတော့မှာဖြစ်ပါတယ်။ ဂျာမနီမှာပဲ ကျင်းပပြုလုပ်သွားမယ့် ပြိုင်ပွဲရဲ့ ပထမနေ့ပွဲစဉ်တွေအဖြစ် ယူနိုက်တက် နဲ့ ကိုပင်ဟေဂင်၊ အင်တာမီလန်နဲ့ လေဗာကူဆင်တို့ ကစားသွားကြမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ် ၂ပွဲနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 


ယူနိုက်တက် - ကိုပင်ဟေဂင်

- ဒီနှစ်သင်းအတွက်တော့ ဒါက သုံးကြိမ်မြောက်တွေ့ဆုံမှုပါ။ ၂၀၀၆-၀၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ သူတို့နှစ်သင်းတွေ့ဆုံခဲ့ကြပြီး ယူနိုက်တက်က သူ့ကွင်းမှာ ၃-ဝနဲ့ အနိုင်ရခဲ့ပြီး ကိုပင်ဟေဂင်က သူ့ကွင်းမှာ ၁-၀ နဲ့ ပြန်လည်အနိုင်ရရှိထားခဲ့ပါတယ်။ 


- ဒိန်းမတ်ကလပ်ဟာ အင်္ဂလန်ကလပ်တွေနဲ့ ၁၀ ကြိမ်တိတိတွေ့ဆုံထားခဲ့ဖူးပြီးတော့ ယူနိုက်တက်တစ်သင်းတည်းကိုသာ အနိုင်ရရှိထားခဲ့ပါတယ်။ ကျန် ၉ ပွဲမှာတော့ ၄ ပွဲသရေကျကာ ၅ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အင်္ဂလန်ကလပ်တွေနဲ့ လေးပွဲမှာတော့ သူတို့က သွင်းဂိုးတစ်ဂိုးမှမရရှိထားခဲ့ပါဘူး။


- ကိုပင်ဟေဂင်အတွက် ဒီကွာတားဖိုင်နယ်က ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်ကွာတားပွဲအဖြစ် ကစားရတာပါ။ ၁၉၉၆-၉၇ မှာ ဘရွန်ဘီက ယူအီးအက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီးနောက် ကိုပင်ဟေဂင်က ပထမဆုံးအကြိမ် ဥရောပအဆင့်မှာ ကွာတား ရောက်တဲ့ ဒိန်းမတ်ကလပ်ဖြစ်ခဲ့ပါတယ်။ ဒိန်းမတ်ကလပ်သမိုင်းမှာတော့ ဘရွန်ဘီတစ်သင်းတည်းသာ ဥရောပအဆင့် ဆီမီးဖိုင်နယ်ကို ရောက်ရှိဖူးတာပါ။ 


- ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံနောက်ဆုံး ၂၃ ပွဲမှာ တစ်ပွဲတည်းသာ အရေးနိမ့်ထားခဲ့သလို ကိုပင်ဟေဂင်အသင်းကလည်း နောက်ဆုံး ၂၃ပွဲမှာ ၁ပွဲသာ အရေးနိမ့်ထားခဲ့တာပါ။ 


အင်တာမီလန်-လေဗာကူဆင်

- ရိန်းဂျားကိုအနိုင်ရခဲ့တဲ့ပွဲမှာ လေဗာကူဆင်က ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိရှိခဲ့ကာ ဂိုးကန်သွင်းချက် ၁၅ ကြိမ်ရှိခဲ့ပါတယ်။


- ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကိုင်ဟာဗက်ဇ်က လေဗာကူဆင်အတွက် ၃ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပြီးတော့ စုစုပေါင်း လေးပွဲကစားပေးထားတာဖြစ်ပါတယ်။

- လေဗာကူဆင်ဟာ ယူရိုပါလိဂ်နောက်ဆုံးကိုးပွဲဆက်တိုက် ရှုံးပွဲမရှိထားဘူးလို့ သိရပါတယ်။


- အင်တာမီလန်ရဲ့ ကစားသမားသစ် ဟာကီမီကတော့ ဒေါ့မွန်အတွက် သွင်းဂိုးငါးဂိုးနဲ့ ဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးထားခဲ့သူဖြစ်ပါတယ်။ 


- အင်တာတိုက်စစ်မှူးလူကာကူဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့ပြီးနောက် တစ်ရာသီအတွင်း ဂိုး ၃၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ 


(ကျန်ကွာတားဖိုင်နယ်နှစ်ပွဲကိုတော့ နောက်တစ်ရက်မှာဆက်လက်ကစားသွားမှာဖြစ်ပါတယ်။ အဲဒီနောက် သြဂုတ်လ ၁၆၊ ၁၇ မှာ ဆီမီးဖိုင်နယ်၊ သြဂုတ် ၂၁ မှာ ဗိုလ်လုပွဲကို ကစားသွားကြမှာဖြစ်ပါတယ်။)


Author


က္က