ဇွန်လ ၁၂ရက်နေ့မှာ ပြန်စတင်ဖို့ မျှော်လင့်နေကြပါတယ်။
Pyae Phyo Thein

ကစားသမားတွေကို ဆေးစစ်မှုတွေပြုလုပ်ခဲ့ချိန်မှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိနေခဲ့တာကြောင့် စိုးရိမ်စရာအနေအထားတွေမှာ ရှိနေခဲ့ပြီး ရာမို့စ်ကတော့ ပြန်လည်ကစားဖို့အတွက်ကိုပဲ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်က စပိန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ပြည်သူလူထုရဲ့ စိုးရိမ်နေမှုတွေကို အာရုံပြောင်းလဲစေဖို့အတွက် ဘောလုံးပွဲတွေလိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဇွန်လအတွင်းမှာ ပြန်လည်စတင်ဖွယ်ရှိနေတဲ့ လာလီဂါပွဲစဉ်တွေကို ပြန်ကစားဖို့အတွက် ရာမို့စ်က ထောက်ခံပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

မတ်လကတည်းက လာလီဂါပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီးတော့ လက်ရှိမှာ ကလပ်အသင်းတွေအနေနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေကို ဆေးစစ်မှုတွေပြုလုပ်ခဲ့ချိန်မှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိနေခဲ့တာကြောင့် စိုးရိမ်စရာအနေအထားတွေမှာ ရှိနေခဲ့ပြီး ရာမို့စ်ကတော့ ပြန်လည်ကစားဖို့အတွက်ကိုပဲ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

"ဆက်သွားဖို့လိုအပ်ပါတယ်၊ "ဒီတိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထောက်ပ့ံပေးဖို့အတွက် ဘောလုံးပွဲတွေက လိုအပ်နေပါပြီ၊ နောက်တစ်ကြိမ်ပြန်ကစားဖို့ ကျွန်တော်ကတော့ တော်တော်လေးဆန္ဒပြင်းပြနေပါပြီ"၊ ဒီဗိုုင်းရပ်စ်ကို ကျော်လွှားဖယ်ရှားနိုင်ဖို့အတွက် လာလီဂါပုံမှန်အတိုင်းဖြစ်သွားစေဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာပါ၊ ချစ်ခင်ရသူတစ်ဦးဆုံးရှုံးသွားတဲ့လူတိုင်းကို ကျွန်တော်တိုိ့အတူရှိနေပါတယ်ဆိုတဲ့ မက်ဆေ့ဂျ်ကို ပေးချင်ပါတယ်" လို့ ရာမို့စ်က Movistar နဲ့ တွေ့ဆုံခိုက်မှာ ပြောဆိုခဲ့ပါတယ်။ 

လာလီဂါမှာတော့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ၂မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ နောက်ထပ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေတာဖြစ်ပြီး ချန်ပီယံဆုအတွက်ကတော့ အကြိတ်အနယ်ဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အသင်းပေါင်း ၅သင်းခန့်လောက် ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းနေဆဲဖြစ်ပါတယ်။ 

လာလီဂါအဖွဲ့ချုပ်ဥက္ကဌဂျာဗီယာတီဘက်စ်ကတော့ လိဂ်ပွဲတွေကို ဇွန်လ ၁၂ ရက်နေ့မှာ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အက်သလက်တီကိုမက်ဒရစ်၊ ဘက်တစ်အသင်းတို့ရဲ့ ကစားသမားတွေဆီမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိထားပြီး ဘာစီလိုနာအသင်းကတော့ ကစားသမားအားလုံးကင်းစင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က