လာဇီယိုကို ၂-၁ နဲ့ ရှုံးတဲ့ပွဲမှာပါ။

ပွဲအပြီးမှာ ပွဲတာဝန်ရှိသူတွေကို ပြင်းထန်စွာစောဒဂတက်ခဲ့ပြီး စည်းကြပ်ဒိုင်ကို ၂ ကြိမ်တိုင်တိုင် ဆောင့်တွန်းခဲ့ တာပါ။

လာဇီယိုကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ စည်းကြပ်ဒိုင်လူကြီးကို ဆောင့်တွန်းခဲ့တဲ့ ဖီအိုရင်တီးနား ကစားသမား ရစ်ဘာရီကို စီးရီးအေ ဘောလုံးအဖွဲ့ချုပ်က ၃ ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ငွေဒဏ်အဖြစ် ယူရို ၂ သောင်းပေးဆောင် စေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရစ်ဘာရီက ပွဲကစားချိန် ၇၆ မိနစ်လောက်မှာ လူစားလဲခြင်းခံခဲ့ရပြီး ပွဲအပြီးမှာတော့ ပွဲတာဝန်ရှိသူတွေကို ပြင်းထန်စွာ စောဒဂတက်ခဲ့တာပါ။



ရစ်ဘာရီအနေနဲ့ စည်းကြပ်ဒိုင်ကိုလည်း ၂ ကြိမ်တိတိ တွန်းခဲ့တာကြောင့် ဒီအပြုအမူဟာ လေးစားမှု ကင်းမဲ့တဲ့ အပြုအမူ ဖြစ်တယ်လို့ သုံးသပ်ပြီး အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အခုဖြစ်စဉ်အပြီးမှာတော့ - “ အသင်းဖော်တွေ၊နည်းပြနဲ့ အသင်းတာဝန်ရှိသူတွေအပါအဝင် ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ဒါ့အပြင် လက်ထောက်ဒိုင်လူကြီး ပတ်စ်စီရီကိုလည်း အထူး တောင်းပန်ပါတယ်။ပွဲရလဒ်ကြောင့် ကျွန်တော့်စိတ်ခံစားချက် ဖြစ်နေတာကိုု နားလည်မယ်လို့ မျှော်လင့်ပါ တယ်။” လို့ ရစ်ဘာရီက တွစ်တာကတဆင့် ရေးသားဖော်ပြလာပါတယ်။

ဖီအိုရင်တီးနားအသင်းကတော့ ကွင်းလယ်ဒိုင်လူကြီးမာကိုအနေနဲ့ ပြစ်ဒဏ်ဘောကို ကွင်းအတွင်းထားရှိထားတဲ့ ရုပ်သံအနှေးစက်မှာ ပြန်မကြည့်ပဲ ဆုံးဖြတ်ခဲ့တဲ့အပေါ် သိချင်နေတယ်လို့လည်းသိရပါတယ်။



က္က