ဒိုင်လူကြီးတွေရဲ့လုပ်ရပ်ဟာ ရိုးသားမှုမရှိဘူးလို့ ထင်မြင်နေတာပါ။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းရဲ့ခံစားချက်ကို ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Foxsportsasia က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကောင်းကောင်းကစားနိုင်ခဲ့သူဖြစ်ပြီး ယင်းပွဲစဉ်ဟာ အငြင်းပွားစရာမရှိဘဲ ပြီးဆုံးခဲ့ခြင်းမရှိပါဘူး။ VAR စနစ်ကိုသာ အသုံးပြုမယ်ဆိုရင် အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီ အလွယ်တကူူရရှိနိုင်တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီး အဂူရိုကို ဒါနီအဲဗက်စ်က ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲချခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆက်ကစားစေခဲ့ပါတယ်။



ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားကနေ ဘရာဇီးလ်အသင်းက တန်ပြန်တိုက်စစ်ဆင်ပြီး အာဂျင်တီးနားအသင်း အငိုက်မိသွားချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မက်ဆီရဲ့ပုံစံဟာ လုံးဝကို မပျော်မရွှင်ဖြစ်နေမှန်း သိသာနေခဲ့ပြီး မက်ဆီက ပွဲစဉ်တလျှောက်လုံး ဒိုင်လူကြီးတွေဟာ VAR ကို ဘာကြောင့် အသုံးမပြုခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်နဲ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဒိုင်တွေကိုတောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို ပြောကြားခဲ့ပြီး ဘရာဇီးလ်အသင်းကို အလွန်အမင်း လွှမ်းမိုးလိုက်တဲ့အချိန်ကတည်းက VAR ကို အသုံးမပြုတော့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်နဲ့ပွဲစဉ်မှာ ဂိုးရရှိဖို့ ၂ ကြိမ်အခွင့်အရေးရရှိခဲ့ပေမယ့် ပထမတစ်ကြိမ် အလွတ်တည်ကန်ဘောကို ဘရာဇီးလ်ဂိုးသမား အယ်လီဆင်က အလွယ်တကူ ကာကွယ်နိုင်ခဲ့ပြီး ဒုတိယအကြိမ် ကန်သွင်းမှုကလည်း တိုင်ထိထွက်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က