loading...

loading...

loading...

တာဝန်ရှိဒိုင်တွေကို စော်ကားခဲ့တဲ့အတွက်ပါ။
Pyae Phyo Thein

ပွဲချိန်နောက်ဆုံးမိနစ်မှာ ယူနိုက်တက်အသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ကင်ပမ်ဘီရဲ့ လက်နဲ့ ထိတယ်လို့ ကွင်းလယ်ဒိုင်က VAR နဲ့ ကြည့်ရှုပြီး ဆုံးဖြတ်ခဲ့တဲ့အပေါ် နေမာက ဒေါသပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးကို ရိုင်းပျတဲ့ အသုံးအနှုန်းတွေနဲ့ စော်ကားပြောဆိုခဲ့လို့ ဥရောပပွဲ (၃)ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် နေမာကို လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် (၃)ပွဲမှာ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

ယူနိုက်တက် နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ ပထမအကျော့ကို ပီအက်စ်ဂျီက ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပေမယ့် အိမ်ကွင်းမှာ ၃-၁ နဲ့ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန်နောက်ဆုံးမိနစ်မှာ ယူနိုက်တက်အသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ကင်ပမ်ဘီရဲ့ လက်နဲ့ ထိတယ်လို့ ကွင်းလယ်ဒိုင်က VAR နဲ့ ကြည့်ရှုပြီး ဆုံးဖြတ်ခဲ့တဲ့အပေါ် နေမာက ဒေါသပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ဒိုင်လူကြီးနားနေခန်းထဲအထိ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နေမာကို ကွင်းလုံခြုံရေးတွေက ထိန်းသိမ်းခဲ့ရတယ်လို့ Four Four Two က ဖော်ပြခဲ့ပါတယ်။ နေမာရဲ့ ဒေါသက ဒီလောက်နဲ့ ရပ်တန့်မသွားခဲ့ပဲ သူ့ရဲ့ အင်စတာဂရမ်မှာ ဒိုင်လူကြီးတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေ အသုံးပြုပြီးတော့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

"ဘောလုံးအကြောင်း ဘာမှမသိတဲ့ သူတွေကို VAR ကြည့်ဖို့ တာဝန်ပေးခဲ့တာပါ၊ ဒါက လက်ထိဘောမဟုတ်ပါဘူး၊ နောက်ကျောနဲ့ ထိသွားတဲ့ဟာက ဘယ်လိုလုပ်ပြီး လက်ထိဘောဖြစ်ရမှာလဲ၊ Go F*** yourselves!" လို့ နေမာက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ နေမာရဲ့ အပြုအမူတွေနဲ့ ရေးသားခဲ့မှုကို UEFA က စွဲချက်တင်စစ်ဆေးခဲ့ပြီးနောက်မှာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပီအက်စ်ဂျီကစားသမား နေမာကို ကွင်းလယ်ဒိုင်တွေအပေါ် လက်ခံနိုင်စရာမရှိတဲ့ စော်ကားမှုမျိုးတွေ ပြုလုပ်ခဲ့တဲ့အတွက် ဥရောပပွဲ (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်" လို့ UEFA က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ နေမာအနေနဲ့ ယူနိုက်တက်နဲ့ပွဲကို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ကွင်းပြင်ပက ဒေါသကိုမထိန်းနိုင်ခဲ့လို့ ပွဲစဉ် (၃)ပွဲအထိ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။


loading...

က္က