တနင်္လာနေ့က ဒီယက်ဇ်က ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
Pyae Phyo Thein

မန်စီးတီး နဲ့ ရီးရဲလ်တို့ဟာ ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ မက်ဒရစ်အသင်းကို သွားရောက်ကစားခွင့်ပေးမယ်လို့ ဆိုခဲ့ပါတယ်။ 


တိုက်စစ်မှူးမာရီယာနိုဒီယက်ဇ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့ပြီးနောက် မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက် စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ သိရပါတယ်။ ဒီယက်ဇ်ဟာ တနင်္လာနေ့က ကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ဒီယက်ဇ်က တစ်ဦးတည်းသီးသန့်နေထိုင်နေပြီး သူ့ရဲ့ကူးစက်ခံရမှုက ရီးရဲလ်မက်ဒရစ်အသင်းအပေါ်မှာ ဘယ်လိုရိုက်ခတ်မှုတွေရှိနေမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မန်စီးတီး နဲ့ ရီးရဲလ်တို့ဟာ ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ မက်ဒရစ်အသင်းကို သွားရောက်ကစားခွင့်ပေးမယ်လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် နှစ်ဖက်အသင်းကြားထဲမှာ ဒီယက်ဇ်ရဲ့ကူးစက်ခံခဲ့ရမှုက စိုးရိမ်စရာတွေအဖြစ်ရှိနေတယ်လို့ သိရပါတယ်။ ပထမအကျော့က ဘာနေဗျူးမှာ မန်စီးတီးက ၂-၁ နဲ့ အနိုင်ရရှိထားပြီး ဒုတိယအကျော့က စပိန်ကလပ်အတွက် တော်တော်လေးအရေးကြီးနေတာ ဖြစ်ပါတယ်။ ဒီပွဲကို အသင်းခေါင်းဆောင်ရာမို့စ်မပါဝင်ဘဲ ကစားရမှာကြောင့် ရီးရဲလ်အတွက် အားနည်းချက်ကလည်း ရှိနေပါတယ်။ 

ဗြိတိန်အစိုးရရဲ့ ဥပဒေအရ နိုင်ငံတွင်းကို လာရောက်မယ်ဆိုပါက ၁၄ ရက်ကြာ ကွာရန်တင်းဝင်ထားမှသာ ခွင့်ပြုမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကိုတော့ ကင်းလွတ်ခွင့်ပေးမယ်လို့ အတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အဝတ်လဲခန်းအတွင်းမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေကာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တဲ့ အနေအထားမှာရှိနေတာဖြစ်ပါတယ်။ 


Author


က္က