သူ့အပေါ်ယုံကြည်မှုရှိခဲ့တဲ့အတွက် ပြန်ပေးဆပ်ချင်တာလို့ ဆိုခဲ့ပါတယ်။

ဘတ်ပီဟာ ပြင်သစ်က အိုက်စလန်ကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး တူရကီနဲ့ကစားမယ့်ပွဲအတွက်လည်း လွဲချော်မယ့်သူဖြစ်ပါတယ်။


ပြင်သစ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးဘတ်ပီက ပြင်သစ်နည်းပြဒက်ချမ့်အတွက် သူ့အနေနဲ့ ကွင်းအတွင်းမှာ အသက်ပေးတဲ့အထိ ကစားပေးသွားဖို့ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘတ်ပီဟာ ပြင်သစ်က အိုက်စလန်ကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး တူရကီနဲ့ကစားမယ့်ပွဲအတွက်လည်း လွဲချော်မယ့်သူဖြစ်ပါတယ်။

မိုနာကိုနဲ့ ပီအက်စ်ဂျီတို့မှာ ခြေစွမ်းပြနေခဲ့ပြီးနောက် ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ်သာ ရှိသေးပေမယ့် ဒက်ချမ့်က ဘတ်ပီကို ယုံကြည်မှုအပြည့်ပေးခဲ့သလို ဒဏ်ရာရနေချိန်မှာလည်း လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့ဖူးသူဖြစ်ပါတယ်။

"ကျွန်တော်ဒဏ်ရာကြောင့် မကစားနိုင်ရင်တောင်မှ သူက ရွေးချယ်ခဲ့ပါတယ်၊ ကစားသမားတစ်ဦးအတွက်တော့ ဒါက ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာကို ခင်ဗျားတို့နားလည်မှာမဟုတ်ပါဘူး၊ အဲဒါက ထူးခြားမှုတစ်ခုလည်းြဖ်စပါတယ်၊ ကျွန်တော့်အပေါ်မှာ နည်းပြက ယုံကြည်မှု၊ မှန်ကန်မှုရှိခဲ့ပါတယ်၊ သူက အဲဒီလိုမျိုး တစ်ကြိမ်သာ လုပ်ပေးခဲ့မယ်ဆိုရင်တောင်မှ ကွင်းအတွင်းမှာ သူ့အတွက် အသက်ပါပေးဖို့အထိ ကျွန်တော်ခံစားရပါတယ်" လို့ ဘတ်ပီက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ဘတ်ပီက အသင်းလူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပြီလို့ သိရပြီး သူ့ရဲ့နေရာအတွက် ပလီယာကို ဒက်ချမ့်က အစားထိုးခေါ်ယူခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ ယူရို၂၀၂၀ ခြေစစ်ပွဲအဆင့်မှာ ပြင်သစ်က ၇ပွဲကစားအပြီး ၁၈ မှတ်ပိုင်ဆိုင်ထားတဲ့ တူရကီနဲ့ရမှတ်တူနေပေမယ့် ဂိုးကွာဟချက်ကြောင့် အဆင့် ၂ နေရာမှာသာ ရပ်တည်နေရပါတယ်။



က္က