ဘာစီလိုနာက အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း လူးကပ်စ်မော်ရာကို မက်ဆီက ခေါ်ယူစေလိုတာလည်း ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဒဏ်ရာကြောင့် ဆီနီဂေါကို ပြန်လည်အနားယူ ဆေးကုသနေရတဲ့ အသင်းဖော် ဒမ်ဘီလီရဲ့ နေရာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားဖူးတဲ့သူတစ်ဦးနဲ့ အစားထိုးခေါ်ယူဖို့ဘာစီလိုနာကို တိုက်တွန်းထားတယ် လို့သိရပါတယ်။



ဒမ်ဘီလီရဲ့ ပျက်ကွက်မှုတွေရှိနေချိန် မက်ဆီနဲ့ ဆွာရက်ဇ်တို့မှာလည်း ဒဏ်ရာကိုယ်စီ ရရှိနေတာကြောင့် မက်ဆီက မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ စပါးအသင်းက လူးကပ်စ်မော်ရာကို ခေါ်ယူစေချင် နေတယ်လို့ Don Balon သတင်းဌာနက ဖော်ပြလာပါတယ်။

လက်ရှိအချိန်မှာ မက်ဆီအနေနဲ့ ဘာစီလိုနာအတွက် လာလီဂါပွဲ ကစားပေးနိုင်ခြင်းမရှိသေးပဲ အသင်းမှာလည်း အဆင့် ၈ နေရာထိ ဆင်းသက်ရပ်တည်နေရပါတယ်။

ဒီအခြေအနေမှာတော့ အဓိက ပြိုင်ဖက်တွေ ဖြစ်တဲ့ အက်သလက်တီကိုနဲ့ ရီးရဲမက်ဒရစ်တို့က ဘာစီလိုနာ အပေါ်မှာ ရပ်တည်နေသလို အထူးသဖြင့် အက်သလက်တီကိုအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။



စပိန်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Don Balon ရဲ့ ဖော်ပြချက်မှာတော့ ဒီအခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် မက်ဆီအနေနဲ့ လူးကပ်စ်မော်ရာကို ထပ်မံခေါ်ယူဖို့ အသင်းကို တိုက်တွန်းထားပြီး ဖြစ်သ လို အသစ်ချုပ်ဆိုထားတဲ့ စာချုပ်အရ ကစားသမားခေါ်ယူရာမှာ ပါဝင် စွက်ဖက်ခွင့်တရားဝင်ရှိနေသူလည်း ဖြစ်ပါတယ်။

လူးကပ်မော်ရာကတော့ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အေဂျက်အသင်းဖက်ကို ဟက်ထရစ်ဂိုးသွင်းယူ ပြီး စပါးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပထမဆုံးအကြိမ် တက်လှမ်းနိုင်စေခဲ့သူ ဖြစ်ပေမယ့် အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူပါ။

Share

Loading Next Article...
က္က