ရွှေဖိနပ်ဆုကို ၆ ကြိမ်မြောက်ရယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ထက် လာလီဂါက ပိုအရေးကြီးတယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။
ဥရောပ အောင်မြင်မှုထက် ပြည်တွင်းအောင်မြင်မှုက ပိုမိုအရေးကြီးတယ်လို့ ခံယူထာားကြောင်း ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ပြောလာတယ်လို့ Goal.com သတင်းဌာနက ဖော်ပြ လာပါတယ်။
မက်ဆီက သူ့ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာမှာ မြှုပ်နှံထားပြီး လာလီဂါ ၁၀ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်နဲ့ ကိုပါဒယ်ရေး ၆ ကြိမ်တို့ကို ဆွတ်ခူးထားပါတယ်။
မနေ့က ဗုဒ္ဓဟူးနေ့မှာ ၆ ကြိမ်မြောက် ရွှေဖိနပ်ဆုရယူအပြီး အခုလို ပြောခဲ့တာ ဖြစ်တယ်လို့ Goal.comက ဖော် ပြလာပါတယ်။
“ ချန်ပီယံက အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပြီး နှစ်တိုင်း ကျွန်တော်တို့ လိုချင်နေတဲ့ဆုဖလားပါ။ ဒါပေမယ့် လာလီဂါဆုဖလားက ပိုပြီး အရေးကြီးတဲ့ ဆုဖလားလို့ ကျွန်တော်တို့ သိထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲ ကြောင့်ပဲ ချန်ပီယံလိဂ်ကို ဝင်ပြိုင်ခွင့်ရနေတာဖြစ်သလို ကိုပါဒယ်ရေးထက်လည်း မြင့်ပါတယ်။ လာလီဂါမှာ ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် ချန်ပီယံလိဂ်မှာလည်း ခက်ပါလိမ့်မယ် ။ချန်ပီယံလိဂ် အကြောင်းပြောချင်ရင် ဘာစီလိုနာအတွက် လာလီဂါနဲ့စပိန်ဖလားကိုလည်း မေ့ထားလို့ မရပါဘူး။ အကြောင်းကတော့ ဆုဖလားအားလုံးကို ဘာစီလိုနာက လိုအပ်ချက်ရှိလို့ပါ။” လို့ မက်ဆီက ပြောသွားတာပါ။
မက်ဆီရဲ့ ဘာစီလိုနာအသင်းကတော့ ဒီနှစ် ချန်ပီယံလိဂ် အုပ်စုမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး တစ်ပွဲသရေ ကျကာ တစ်ပွဲနိုင်ထားပါတယ်။