ယခုနှစ်အတွက် ချန်ပီယံလိဂ် သွင်းဂိုးတစ်ဂိုးမှ မရသေးတာပါ။

ချက်မြေမှာ ဟက်ထရစ်သွင်းခဲ့ဖူးတဲ့ မက်ဆီအတွက် ယခုနှစ် ချန်ပီယံလိဂ် ပထမဆုံးဂိုးရဖို့ ဘယ်လောက်ထိ လွယ်ကူမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

ဘာစီလိုနာအသင်းက ဒီကနေ့ညမှာ ချက်ကလပ် ဆလားဗီးယားပရာဂါနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ ရှိနေပြီး အသင်းခေါင်းဆောင် မက်ဆီအတွက် ယခုနှစ် ချန်ပီယံလိဂ် ပထမဆုံးသွင်းဂိုးရယူနိုင်မလားဆိုတာ စိတ်ဝင်စား ဖွယ်စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။



ဆလားဗီးယားနဲ့ကစားရမယ့် အီဒင်အရီနာကွင်းကြီးထဲကို မက်ဆီအနေနဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က တစ်ကြိမ် ကစားဖူးပြီး အဲ့ဒီတုန်းကတော့ ဗစ်တိုးရီးယား ပဲလ်ဇန်အသင်းနဲ့ ကစားခဲ့ရပြီး ၄-၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူပြီး ကစားဖော် ဖာဘရီဂတ်စ်က တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမြေက မက်ဆီနဲ့ ဘာစီလိုနာအတွက် အောင်မြေအဖြစ်ရှိနေတယ်လို့ Marca သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအဖြစ် ယခုနှစ်ထဲမှာ ဒေါ့မွန်၊အင်တာမီလန်တို့နဲ့ပွဲတွေ ကစားထားပေမယ့် တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိထားတာပါ။



ပြီးခဲ့တဲ့ အီဘာကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာတော့ ဘာစီလိုနာ တိုက်စစ်က တိုက်စစ်မှူး ၃ ယောက်စလုံး တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး မက်ဆီက တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းအနေနဲ့ ဂရန်နာဒါကို ၂-ဝနဲ့ အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ထားရာမှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲလည်း အပါအဝင်ဖြစ်ပါတယ်။

မက်ဆီတစ်ဂိုးမှ မသွင်းယူထားနိုင်ချိန်မှာတော့ မက်ဆီရဲ့ အနီးကပ်ပြိုင်ဖက် ရော်နယ်ဒိုကတော့ တစ်ဂိုးသွင်းယူ ထားနိုင်ပြီး ယခုနှစ်ရဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်သူကတော့ ၅ ဂိုးထိသွင်းထားတဲ့ ဘိုင်ယန်မြူးနစ်တိုက်   စစ်မှူး လီဝန်ဒေါစကီးဖြစ်ပါတယ်။



က္က