ကလေးအဖေဖြစ်တော့မှာကြောင့် ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ကလေးအဖေဖြစ်တော့မှာ ဖြစ်တဲ့အတွက် မွေးမယ့်ရက်က အောက်တိုဘာလထဲလောက်မှာ သတ်မှတ်ထားပေ မယ့် ရက်အတိအကျမသိသေးလို့ ဘယ်နေ့ကစပြီး နားမလဲဆိုတာတော့မသိရသေးပါဘူး။

အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဇာခါကတော့ လာမယ့်အောာက်တိုဘာလအတွင်းမှာ ဘော လုံးကစားခြင်းကို ခဏ အနားယူသွားမယ်လို့ သိရပါတယ်။


The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ဇာခါနဲ့ ဇနီးသည် လီယိုနီတာတို့ဟာ လက်ထပ်ပြီး ၂ နှစ်အကြာမှာ ရင်သွေးလေးကို စတင်ပိုင်ဆိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလထဲမှာတော့ မွေးဖွားတော့မှာ ဖြစ်လို့ ဖခင်တစ်ဦးစတင်ဖြစ်လာတော့မယ့် ဇာခါက အောက်တိုဘာထဲမှာ ကလေးနဲ့ဇနီးကို အနိးကပ် စောင့်ရှောက်ဖို့ ဘောလုံးကစားခြင်းကို ခဏ အနားယူမှာ ဖြစ်ပါတယ်။

ကလေးမွေးမယ့်နေ့က အောက်တိုဘာလအတွင်း စောမလား နောက်ကျမလား မသေချာသေးပေမယ့် အာဆင်နယ် အသင်းနဲ့ပူးပေါင်းဖို့တော့ အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဇာခါနည်းတူ ဆွစ်ဇာလန်အသင်းဖော် ဆီဖီရိုဗစ်လည်း ဒီတစ်ပတ်ထဲမှာ ကလေးအဖေဖြစ်လာဖို့ အနားယူထား တယ်လို့ သိရပါတယ်။

“ ဘောလုံးထက် ပိုပြီး ပြီးပြည့်စုံတဲ့ ကာလတစ်ခုပါ။ဥပမာအနေနဲ့ အဖေတစ်ယောက်ဖြစ်လာချိန်ပေါ့ဗျာ။” လို့ ပြောခဲ့ပါတယ်။



ဇာခါအနေနဲ့ လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် အာဆင်နယ်အသင်း အတွက် ပါဝင်ကစားပေးနိုင်ဖို့ ရှိနေသေးတယ်လို့သိရပါတယ်။

အောက်တိုဘာ နိုင်ငံတကာ ပြိုင်ပွဲကာလအပြီးမှာတော့ အာဆင်နယ်အသင်းက အောက်တိုဘာ ၂၁ မှာ ရှက်ဖီးနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒီပွဲကိုတော့ ဇာခါ ပါဝင်ဖို့ မသေချာတော့ပါဘူး။

နိုင်ငံတကာပွဲတွေအပါအဝင် ကလပ်နဲ့ နိုင်ငံအသင်းတွေနဲ့ လေ့ကျင့်ရေးပူးပေါင်းမှုကအစ ပျက်ကွက်ခွင့်ပြုရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က