ကွင်းလယ်တစ်ဝက်ကျော်လောက်ကနေ တိုက်ရိုက်ဂိုးသွင်းယူခဲ့တာပါ။

ဝိန်းရွန်နီဟာ အဆိုပါသွင်းဂိုးကို ကွင်းလယ်တစ်ဝက်ကျော်ကနေ လှမ်းကန်သွင်းယူခဲ့တာဖြစ်ပြီးတော့ အံ့အားသင့်ဖွယ်ရာသွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူပြခဲ့တာဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်း ကစားခဲ့တဲ့ ဒီစီယူနိုက်တက် နဲ့ အော်လန်ဒိုစီးတီးတို့ရဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဒီစီယူနိုက်တက်က တိုက်စစ်မှူးဝိန်းရွန်နီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဝိန်းရွန်နီဟာ အဆိုပါသွင်းဂိုးကို ကွင်းလယ်တစ်ဝက်ကျော်ကနေ လှမ်းကန်သွင်းယူခဲ့တာဖြစ်ပြီးတော့ အံ့အားသင့်ဖွယ်ရာသွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူပြခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် (၁၀)မိနစ်မှာ ရွန်နီက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ အော်လန်ဒိုစီးတီးက တိုက်စစ်ဆင်ကစားနေချိန်မှာ ဒီစီယူနိုက်တက်နောက်တန်းက ဘောလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီး ဝိန်းရွန်နီကို ဘောလုံးပေးပို့နိုင်ခဲ့ပါတယ်။ ရွန်နီက ဘောလုံးကို လက်ခံရယူပြီးနောက် ကွင်းလယ်ကနေ လှမ်းကန်ခဲ့ရာမှာ ဂိုးရှေ့ထွက်နေခဲ့တဲ့ အော်လန်ဒိုစီးတီးဂိုးသမား ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ယူနိုက်တက်ကစာသမားဘဝမှာ ဝက်စ်ဟမ်းအသင်းဘက်ကို ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ထပ်တူနီးပါးတူညီခဲ့ပြီး ရွန်နီရဲ့ ပါးနပ်မှုနဲ့ကန်သွင်းချက်တိကျမှုကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်တယ်လို့ The Guardian က ဖော်ပြခဲ့ပါတယ်။ ဒီနီုင်ပွဲကြောင့် ဒီစီယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ရွန်နီရဲ့ သွင်းဂိုးစုစုပေါင်းကလည်း (၉)ဂိုးအထိ ဖြစ်လာခဲ့ပြီဖြစ်ပြီး ထိပ်ဆုံး (၅)ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ကားလို့စ်ဗီလာက သွင်းဂိုး (၁၆)ဂိုးနဲ့ ဦးဆောင်နေပြီး ဇလာတန်က (၁၁)ဂိုး၊ ဂျိုးဆက်ဖ်မာတီနက်ဇ်က (၁၀)ဂိုးနဲ့ အစဉ်လိုက်ရပ်တည်နေပြီး ယူနိုက်တက်ကစားသမားဟောင်းပဲဖြစ်တဲ့ နာနီက သွင်းဂိုး (၈)ဂိုးနဲ့ အဆင့် (၅)နေရာမှာ ပူးတွဲရပ်တည်နေခဲ့ပါတယ်။

ရွန်နီနဲ့ နာနီတို့ဟာ ဒီမနက်ပွဲစဉ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီး ရွန်နီက အသာစီးရယူနိုင်ခဲ့ပါတယ်။ အသက် (၃၃)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ဒီစီယူနိုက်တက်ရဲ့ အဓိကဂိုးသွင်းရှင်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အော်လန်ဒိုစီးတီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးက ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။



က္က