loading...

loading...

loading...

ထောင်ဒဏ် ၁၄ ပတ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
Kg Htet

ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ကို တိုက်ခိုက်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆိုးသွမ်းပရိသတ်ဟာ ထောင်ထဲမှာနေခဲ့ရတဲ့တစ်ဟာ ၎င်းရဲ့ဘဝမှာ အကောင်းဆုံး လတစ်လဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း The London Economic ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါလ်မစ်ချယ်ဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုနဲ့ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုတို့နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ် ၁၄ ပတ်ချမှတ်ခံခဲ့ရပေမယ့် ၄ ပတ်သာ ကျခံခဲ့ရပြီး ယမန်နေ့က ထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပေါလ်မစ်ချယ်ဟာ ထောင်ဒဏ်ချမှတ်ခံရတာကို ဂရုမစိုက်ဟန်နဲ့ ပြောခဲ့ပါတယ်။ ဘာဂင်ဂမ်၊ ရူဘယ်ရီက ၎င်းရဲ့တိုက်ခန်းမှာ ပေါလ်မစ်ချယ်က ဂျက်ဂရီးလစ်ရှ်ကို တောင်းပန်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ထောင်ထဲမှာရှိခဲ့တဲ့ တစ်လက ကျွန်တော့်ဘဝမှာ အကောင်းဆုံး လတစ်လဖြစ်ခဲ့ပါတယ်။ ကျွန်တော် ထောင်ကနေ လွတ်မြောက်ခဲ့ပါပြီ။ တနင်္လာနေ့က ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော့်ဘဝရဲ့အကောင်းဆုံးလဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့မိသားစုရဲ့အဝေးမှာ ရှိနေရတာက ခက်ခဲပေမယ့် အရာအားလုံးက ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


loading...

က္က