လိုက်ဖက်ညီတဲ့သားအဖနှစ်ဦးလို့ ဆိုရမှာပါ။

ဂျူဗင်တပ်စ်ကြယ်ပွင့်တိုက်စစ်မှူးဟာ မိသားစုနဲ့အတူ အီတလီကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြန်လည်စတင်ဖို့ ပြန်လာခဲ့တာဖြစ်ပါတယ်။


ပေါ်တူဂီကနေ တူရင်ကို ပြန်လည်ရောက်ရှိနေပြီးတော့ ၂ပတ်ကြာ ရောဂါခြေချုပ်နဲ့ နေထိုင်နေရတဲ့ ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုဟာ နေအိမ်မှာ သားဖြစ်သူနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကြယ်ပွင့်တိုက်စစ်မှူးဟာ မိသားစုနဲ့အတူ အီတလီကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြန်လည်စတင်ဖို့ ပြန်လာခဲ့တာဖြစ်ပါတယ်။

နေအိမ်မှာပဲ သတ်မှတ်ရက်အထိနေထိုင်ရဦးမယ့်အချိန်မှာ ရော်နယ်ဒိုက သားဖြစ်သူဂျူနီယာနဲ့အတူ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူနဲ့အတူ လေ့ကျင့်နေခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း ရော်နယ်ဒိုရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာကိုတွေ့ရပြီးတော့ လူပေါင်း ၇၅ သိန်းကျော်က Like ပြုလုပ်ခဲ့ပြီး မှတ်ချက်ပြုမှုပေါင်း ငါးသောင်းကျော်အထိ ရှိခဲ့ပါတယ်။ 

သားအဖနှစ်ဦးကတော့ ဘောလုံးကို အပြန်အလှန်ပစ်ပေးပြီး Control ပိုင်း ကျေညက်ဖို့အတွက် လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ နေအိမ်ပန်းခြံအတွင်းမှာ လေ့ကျင့်နေခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာတင်ထားခဲ့တဲ့ ဗီဒီယိုမှာတော့ Like Fathter Like Son လို့ ရော်နယ်ဒိုက ရေးသားခဲ့ကာ အရာအားလုံးထက်ပျော်ရွှင်စရာဖြစ်တယ်လို့လည်း ရေးသားခဲ့ပါသေးတယ်။ 

အီတလီစီးရီးအေပွဲစဉ်တွေကို ပြန်လည်စတင်ဖို့အတွက် အစိုးရကမီးစိမ်းပြခဲ့ပြိးနောက် စီးရီးအေကလပ်တွေရဲ့ နိုင်ငံခြားသားကစားသမားတွေဟာ အီတလီကို ပြန်လာနေရပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရတဲ့ ကစားသမားတွေရှိနေခဲ့ပေမယ့်လည်း လေ့ကျင့်ခန်းပြန်စမယ့်အစီအစဉ်ကိုတော့ ပယ်ဖျက်ခြင်းမရှိဘဲ သတ်မှတ်ရက်မှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။




က္က