ကူးစက်ခံထားရသူတွေကို ဆက်လက်စောင့်ကြည့်မှုတွေပြုလုပ်ဖို့လည်း ရှိနေပါသေးတယ်။

ကူးစက်ခံထားရသူ ၆ဦးအထိရှိခဲ့ရာမှ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး ၅ဦးအထိ ရောဂါပျောက်ကင်းခဲ့တာ လည်းဖြစ်ပါတယ်။

COVID-19 ကူးစက်ခံရသူအရေအတွက် လျော့ချနိုင်ခဲ့ပြီလို့အတည်ပြုခဲ့တဲ့ ဖီအိုရင်တီးနားအသင်းတွင် ရောဂါ ကူးစက်ခံထားရသူ ၅ဦးရောဂါပျောက်ကင်းခဲ့ပြီး ၁ဦးသာ ဆက်လက်ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ အသင်းရဲ့ တရားဝင်သတင်းဖော်ပြချက်ကို footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်နေ့က ကူးစက်ခံရသူ ၆ဦးအထိရှိခဲ့ပြီး ကစားသမား ၃ဦး၊ အသင်းဝန်ထမ်း ၃ဦးဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားအားလုံး သက်သာပျောက်ကင်းခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ခဲ့တာလည်းဖြစ်ပါတယ်။



မကြာမီပြန်လည်စတင်တော့မယ့် အီတလီစီးရီးအေပွဲစဉ်တွေအတွက် အသင်းတိုင်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တဲ့နောက် ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီးယားတို့အပါအဝင် ရောဂါကူးစက်ခံထားရသူ ၁၀ ဦးအထိကနေဦးတွေ့ရှိခဲ့သ လို နောက်ပိုင်းမှာ အရေအတွက်မြင့်တက်မှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာ အီတလီစီးရီးအေရဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီလက်ကျန်ပွဲစဉ်တွေကို ဇွန် ၁၃ရက်နေ့မှာ ပြန်စဖို့ယာ ယီသဘောတူထားပြီးဖြစ်ပြီး ကန့်သတ်လေ့ကျင်မှုတွေနဲ့အတူ အသင်းအားလုံးပြငဆင်မှုတွေပြုလုပ်နေတာလ ည်းဖြစ်ပါတယ်။

အီတလီနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူအသစ်များ လျော့ချနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ကစားသမားတွေအကြား ကူးစက်ခံရမှုများကိုလည်း အချိန်မီကုသနိုင်မယ်လို့ ယုံကြည်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တို င်က မှတ်ချက်ပြုပြောဆိုထားခဲ့ပြီး လက်ရှိအနေအထားအရဆိုရင်လည်း ပွဲစဉ်တွေပြန်စဖို့အတွက် ရာနှုန်းပြည့်နီး ပါး သေချာနေခဲ့ပြီလည်းဖြစ်ပါတယ်။



က္က