loading...

loading...

loading...

မေလ ၁ ရက်နေ့ မနက်မှာ ကစားမှာပါ။
Kyaw Ko Ko Sint

ဒတ်ချတ်လိဂ်က အေဂျက်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ရှိနေလို့ ပြည်တွင်းလိဂ် ပွဲစဉ်အချို့ကို ရပ်နားပေးထားတဲ့အပေါ် စပါးနည်းပြ ပွန်ချက်တီနိုက ပရီးမီးယားလိဂ်မှာ ပွဲကြပ်ကစားနေရမှုနဲ့နှိုင်းယှဉ်ပြီး ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စပါးနည်းပြ ပွန်ချက်တီနိုက လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ အေဂျက်အသင်းကို မနာလို ဖြစ်နေတယ်လို့ 90 MIN သတင်းဌာနက ဖော်ပြလာပါတယ်။ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ဟာ ဒေသတွင်းက ကလပ်အသင်းဖြစ်တဲ့ အေဂျက်အသင်း ဥရောပ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့် ကစားရမှာဖြစ်လို့ အေဂျက်အသင်းရဲ့ ပြည်တွင်းလိဂ်ပွဲစဉ်အချို့ကို အချိန်ဇယား ပြောင်းလဲပေးခဲ့တဲ့အတွက် ပွန်ချက်တီနိုက မနာလိုဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒတ်ချ်မှာ ထိုသို့ စီစဉ်ပေးထားခြင်းနဲ့ ပတ်သက်ပြီး စပါးအသင်းနည်းပြ ပွန်ချက်တီနိုက ပရီးမီးယားလိဂ်အနေနဲ့လည်း ဒေသတွင်း ကလပ်တွေ ဥရောပမှာ အောင်မြင်နိုင်ဖို့အတွက် တစ်ခုခုစီစဉ်ပေးခြင်း မရှိတဲ့အပေါ် ထောက်ပြပြောဆိုခဲ့တာပါ။

အေဂျက်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ စပါးကို ကျော်လွန်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ မယ်ဆိုရင် ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ကလည်း အေဂျက်အသင်း ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရလိမ့်မယ်လို့ ယုံကြည်နေကြ ပြီး ပြည်တွင်းလိဂ်ပွဲစဉ်အချို့ကို အချိန်ပြောင်းလဲ ကျင်းပစေပြီး အားပေးနေခဲ့ပါတယ်။

စပါးနည်းပြ ပွန်ချက်တီနိုက ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မိမိတို့ စပါးအသင်းအနေနဲ့ တရားမျှတမှု မရဘူးလို့ စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

“ ချန်ပီယံလိဂ် ကစားရမယ့်အသင်းက အချိန်ပိုရသင့်သလို အခက်အခဲတွေကိုလည်း ရှောင်လွှဲနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် စနေမှာ ကစားပြီး အင်္ဂါနေ့မှာ ထပ်ကစားရပါ တယ်။ဒါက ပွဲပန်းစေပါတယ်။” လို့ ပွန်ချက်တီနိုက ထောက်ပြခဲ့တာပါ။

စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အေဂျက်အသင်းကို လာမယ့် မေလ ၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အိမ်ကွင်းပွဲစဉ်အဖြစ် ဧည့်ခံကစားမှာပါ။


loading...

က္က