ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁နာရီ၂၅မှာ ယှဉ်ပြိုင်ကစားမှာပါ။

အေဂျက်အသင်းကတော့ နှစ်ပွဲဆက်နိုင်ထားပြီး ချဲလ်ဆီးအသင်းကတော့ တစ်ပွဲနိုင်တစ်ပွဲရှုံးထားပါတယ်။

ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် အေဂျက်အသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို ချဲလ်ဆီးအသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ ရို့စ်ဘာကလေ၊အန်ဂိုလို ကန်တေနဲ့အန်တိုနီယိုရူဒီဂါတို့ မပါဝင်နိုင်ဘူးလို့ နည်းပြ လမ်းပတ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



အေဂျက်အသင်းကို အမ်စတာဒမ်မှာ အဝေးကွင်းလိုက်ပါကစားရမှာ ဖြစ်ပြီး အေဂျက်အသင်းအနေနဲ့ အဖွင့်ပွဲ ၂ ပွဲစလုံးနိုင်ထားလို့ ချဲလ်ဆီးအတွက် အဓိက ကစားသမား ၃ ဦး မပါဝင်မှုက ကြီးမားတဲ့ စမ်းသပ်ချက်အဖြစ် ရှိနေခဲ့ပါတယ်။

အဓိက ကွင်းလယ်လူ ကန်တေကတော့ ပြင်သစ်အသင်းနဲ့ နိုင်ငံတကာပွဲမှာ ပေါင်ခြံဒဏ်ရာရသွားခဲ့တာ ဖြစ်ပြီး ဘာကလေကတော့ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ကြောက်မက်ဖွယ်ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာပါ။

နောက်ခံလူ ရူဒီဂါကလည်း တင်ပါးဆုံရိုးဒဏ်ရာဝေဒနာ ခံစားနေရတာ မသက်သာတာကြောင့် အခုပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ်။



ခြေကျင်းဝတ်ဒဏ်ရာရထားတဲ့ဘာကလေရဲ့ ဒဏ်ရာအခြေအနေကတော့ လာမယ့်အပတ်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

“ အရှင်းဆုံးပြောရရင်တော့သူတို့အားလုံး အသင်းနဲ့အတူ ရှိမနေပါဘူး။ရို့စ်ကိုတော့ လာမယ့် ကြာသပတေး လောက်မှာ ပြန်ရဖို့ မျှော်လင့်ပါတယ်။ ရူဒီဂါကတော့ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းနေ နိုင်ပါတယ်။ဒါပေမယ့် အသေးစားလေးတွေပဲ လိုက်လုပ်နိုင်သေးတာပါ။ ကန်တေလည်း ရူဒီဂါနဲ့အလားတူပါပဲ။” လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အဝေးကွင်းစကစားခဲ့ရပြီး လိုင်လီကို ၁-၂ နဲ့ နိုင်ခဲ့ပေမယ့် အိမ်ကွင်းပွဲ မှာတော့ ဗလင်စီယာကို ၁-၀ နဲ့ အရေးနိမ့်ထားပါတယ်။

Share

Loading Next Article...
က္က