loading...

loading...

loading...

တန်ပြန်တိုက်စစ်ဆင်သင့်သလောက် မဆင်ခဲ့ဘူးလို့ ယုံုကြည်နေတာပါ။
Kg Htet

အဂျက်အသင်းနဲ့ပွဲစဉ်က ဂျူဗင်တပ်အသင်းရဲ့ကစားပုံဟာ နည်းပြ အယ်လီဂရီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အယ်လီဂရီက ဂျူဗင်တပ်ကစားသမားတွေဟာ အေဂျက်ကို လုံလောက်တဲ့တိုက်စစ်ဆင်မှုမျိုး မပြုလုပ်ခဲ့ဘူးလို့ ယုံကြည်နေပါတယ်။

ယမန်နေ့ည အေဂျက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအချိန်တော်တော်များများမှာ ကစားပုံမကောင်းခဲ့ဘဲ ပွဲပြီးဆုံးခါနီးမှာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းကစားပုံ အနည်းငယ်ပိုမိုကောင်းမွန်လာခဲ့ပေမယ့် နီရက်စ်ရဲ့ဒုတိယပိုင်း စစချင်းသွင်းယူခဲ့တဲ့ ချေပဂိုးကိုတော့ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အယ်လီဂရီက ၎င်းရဲ့ကစားသမားတွေ ပွဲချိန်အများစုမှာ အားထုတ်သင့်သလောက် အားမထုတ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အေဂျက်က ကွာတားဖိုင်နယ်အဆင့်မှာရှိနေတာပါ။ သူတို့တွေ တော်တော်လေးကျပ်တည်းတဲ့နေရာကနေ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ကစားသမားအများစုက တိုက်စစ်မှာရှိနေကြပါတယ်”

“ကျွန်တော်တို့ကို သူတို့တွေ တကယ်ကို ပြင်းပြင်းထန်ထန်ဖိအားပေးပြီး နေရာလွတ်တွေဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ကောင်တာကနေ ပြန်ပြီး တိုက်သင့်သလောက် မတိုက်ခဲ့ပါဘူး”

“ကျွန်တော်တို့ ဂိုးအပေါ်မှာ အာရုံထွေပြားခဲ့တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပွဲခဏနားပြီးပြီးချင်းပဲ ဂိုး ပြန်ပေးလိုက်ရပါတယ်။ အေဂျက်အသင်းဟာ ယုံကြည်မှုပိုမိုရရှိခဲ့ပြီး အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် နည်းစပိုင်းပိုပိုင်နိုင်တဲ့ ကစားသမားတွေကို မိတ်ဆက်ပေးခဲ့ပါတယ်(ဒီဘာလာနဲ့ ဒေါက်ဂလတ်ကော်စတာကို ထည့်သွင်းကစားစေခဲ့)။ အဲဒါက သူတို့ထက်ပိုပြီး တိကျသေချာမှုနဲ့ နည်းစနစ်အတိုင်း ပိုပြီး လုပ်ရမယ့်အချိန်ဖြစ်ခဲ့ပါတယ်”လို့ Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။


loading...

က္က