loading...

loading...

loading...

ဘော်စတွန်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
Kg Htet

ရိုးမားအသင်းဥက္ကဌရဲ့အကြံပေး ဖရန်ကိုဘယ်ဒီးနီဟာ ချယ်ဆီးအသင်းနည်းပြ ဆာရီကို ယခုလာမယ့်နွေရာသီမှာ နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေပြီး ရိုးမားအသင်း ထိပ်တန်းအဆင့် တာဝန်ရှိသူတွေဟာ လာမယ့်ရာသီမတိုင်မီ ဘော်စတွန်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းဟာ ယခုနှစ်အစောပိုင်းမှာ နည်းပြ အူစီဘီယိုဒီဖရန်စက်စကို ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရာနီရေးနီကို ယခုရာသီကုန်အထိ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ရိုးမားက လာမယ့်ရာသီကို နည်းပြသစ်နဲ့ စတင်လိုနေတာဖြစ်ပြီး အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက ဖြစ်နိုင်ဖွယ်ရွေးချယ်စရာတွေကို ရှာဖွေနေကြပါတယ်။

ချယ်ဆီးအသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဆာရီဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အီတလီနေ့စဉ်သတင်းစာ Corriero dello Sport ရဲ့ဖော်ပြချက်အရ ရိုးမားအသင်းဥက္ကဌ ဂျိမ်းစ်ပါလော့တာရဲ့အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဘယ်ဒီးနီက ဆာရီကိုခေါ်ယူဖို့ ထောက်ခံနေတယ်လို့ ဆိုပါတယ်။

ဘယ်ဒီးနီဟာ ဆာရီနဲ့တွေ့ဆုံမယ့် အဆင့်မြင့်အစည်းအဝေးမှာ တစ်စိတ်တပိုင်းပါဝင်မှာဖြစ်ပြီး ယင်းအစည်းအဝေးကို အသင်းဥက္ကဌ ပါလော့တာနဲ့ အားကစားဒါရိုက်တာ ရစ်ကီမက်ဆာရာစွန်းတို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

တော့တင်ဟော့စပါးအသင်းရဲ့ ညှိနှိုင်းဆွေးနွေးသူဟောင်းဖြစ်တဲ့ ဘယ်ဒီးနီဟာ ချယ်ဆီးအသင်းနည်းပြ ဆာရီရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဆာရီကို ယခုနွေရာသီမှာ ရိုးမားအသင်းကို အရောက်ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က