ဥ‌ရောပထိပ်တန်းလိဂ်အားလုံး ရပ်နားထားပါတယ်။

ဘောလုံးရာသီကို မေလလယ်(သို့)ဇွန်လ(သို့)ဇွန်လအကုန်မှာ ပြန်စနိုင်ဖို့ အစီအစဥ် ၃ ရပ်ရှိတယ်လို့သိရပါတယ်။

ဇွန်လအကုန်မှာ ဘောလုံးပွဲတွေ ပြန်မစနိုင်ရင် ဘောလုံးရာသီတစ်ခုလုံးကို ဆုံးရှုံးရဖို့ ရှိနေပြီလို့ ယူအီးအက်ဖ်အေ ဥက္ကဌ စီဖရင်က ဆိုလာတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



လက်ရှိမှာ ကမ္ဘာနှင့်အဝှမ်း ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တာရယ်ကြောင့် ဥရောပမှာရှိတဲ့ ဘောလုံးလိဂ် တော်တော်များများကို ရပ်နားထားရပါတယ်။

ဒါ့အပြင် ၂၀၂၀ ဥရောပဖလားနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကိုလည်း ၂၀၂၁ကို ရွှေ့ဆိုင်းထားခဲ့ရပါပြီ။

ဒီအချိန်မှာ ဘောလုံးပွဲတွေကိုပြန်စရင် ကွင်းပိတ်ပြီးတော့ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်နေပြီး - “ ပြန်မစနိုင်ရင် ပြဿနာ ရှိလာနိုင်ပါတယ်။ကျွန်တော်တို့မှာ အစီအစဥ် ၃ခုရှိပါတယ်။ပထမက မေလလယ်မှာ ပြန်စဖို့ရယ်၊ ဒုတိယက ဇွန်လနဲ့တတိယက ဇွန်လအကုန်မှာပြန်စနိုင်ဖို့ပါ။”လို့ စီဖရင်က ပြောလာပါတယ်။

လက်ရှိမှာ ဥရောပရဲ့ ထိပ်တန်းလိဂ်တွေအားလုံးက ရပ်ဆိုင်းထားရပြီး ချန်ပီယံ ဖြစ်မယ့်အသင်းတွေနဲ့ တန်းဆင်း တန်းတက်ရမယ့် အသင်းတွေရဲ့ အခြေအနေကလည်း မတည်ငြိမ်ပဲ ရှိနေပါသေးတယ်။

Share

Loading Next Article...
က္က