မနေ့က ‌ဟော်ဖန်ဟိမ်းကို ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာပါ။

ဟော်ဖန်ဟိမ်းအသင်းပိုင်ရှင်ကို စော်ကားပြောဆိုတဲ့ အသင်းရဲ့ ပရိသတ်တွေကိုယ်စား တစ်သင်းလုံးက ‌တောင်းပန် ခဲ့ကြတာပါ။

ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟိမ်းအသင်းကို အဝေးကွင်းမှာ ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အိမ်ရှင် ဟော်ဖန်ဟိမ်းအသင်းရဲ့ ပိုင်ရှင်ကို စော်ကားပြောဆိုခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ် ပရိသတ်တွေကို ဘိုင်ယန်မြူးနစ် အသင်းကိုယ်တိုင်က ရှုတ်ချခဲ့တဲ့ လုပ်‌ဆောင်မှုကို ကွင်းအတွင်းမှာပဲ ချက်ခြင်း လုပ်ဆောင်ခဲ့ပါတယ်။



ဘိုင်ယန်ပရိသတ်တွေက ကွင်းအတွင်းမှာ ဟော်ဖန်ဟိမ်းအသင်းပိုင်ရှင်ကို စော်ကားသလို ဖြစ်စေတဲ့စာတမ်းတွေကို ကိုင်ဆောင်ပြီး အော်ဟစ်ခဲ့ကြတာပါ။

အခုလို စာတမ်းတွေ ကိုင်ဆောင်ပြီး ဟော်ဖန်ဟိမ်းအသင်းပိုင်ရှင်ကို ပြောဆိုနေတာကတော့ ဘွန်ဒက်စ်လီဂါ စည်းမျဥ်းအရ ရှယ်ယာရှင်တစ်ဦးက အများဆုံး ၄၉ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ရှိမှာ ဖြစ်ပေမယ့် ဟော်ဖန်ဟိမ်း အသင်းက ၂၀၁၅ခုနှစ်ကစတင်ပြီး လေဗာကူဆင်၊ဝုလ်ဖတ်အသင်းတို့နည်းတူ ရှယ်ယာ ၅၀+၁စနစ်ကို စတင် ကျင့်သုံးခဲ့တာပါ။

၄၉ ရာခိုင်နှုန်းထက်ကျော်ပြီး မဲပေးခွင့်ရယူထားတဲ့ အသင်းတွေကို ဘွန်ဒက်လီဂါမှာ ကစားခွင့်မရှိတဲ့ စည်းမျဥ်း ရှိပေမယ့်လည်း လက်ရှိအချိန်ထိတောာ့ ကစားနေဆဲပါ။

ဒီအဖြစ်အပျက်အပေါ် ဘိုင်ယန်မြူးနစ် ကစားသမားတွေက ပရိသတ်တွေဆီသွားပြီး ဆောင်ပုဒ်တွေကိုပြန်လည် ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လက်ကျန် ၁၀ မိနစ်အလိုမှာ ပွဲကို ရပ်နားတော့မယ်လို့ ကွင်းလယ်ဒိုင်လူကြီးက ဆုံးဖြတ်လိုက်ချိန်မှာတော့ ဘိုင် ယန်မြူးနစ် ကစားသမားတွေက ဟော်ဖန်ဟိမ်းအသင်းကို လေးစားမှုပြတဲ့အနေနဲ့ မဖျက်သိမ်းပဲ ဆက်လက် ကစားဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒီလိုကစားတာကတော့ ဘိုင်ယန်မြူးနစ် ကစားသမားတွေက ဟော်ဖန်ဟိမ်း ကစားသမားတွေကို တောင်းပန်တဲ့ အနေနဲ့ လေးစားမှုပေးပြီး ဘောလုံးကို အတည်မကစားတော့ပဲ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် လေ့ကျင့်ရေးကွင်းမှာ လူပေးကစားသလိုမျိုး ကစားခဲ့ကြတာပါ။

ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အမှုဆောင်အရာရှိချူပ် ရူမန်နီဂီကိုယ်တိုင် ကွင်းထဲဆင်းပြီး ဟော်ဖန်ဟိမ်း အသင်းပိုင်ရှင် ဟုပ်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ကြောင့် ဘိုင်ယန်မြူးနစ်က သူတို့ အသင်းရဲ့ ပရိသတ်တွေကို ဘယ်လို တုံ့ပြန်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းလိုက်ပါ အားပေးတဲ့ ပရိသ်တွေအတွက်တော့ အဆိုပါ ညဟာ ရှက်စရာ ကောင်းလွန်းတဲ့ ညတစ်ညဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဘောလုံးဟာ ကစားပွဲတစ်ခုထက်ပိုတယ်ဆိုတာကို ဘိုင်ယန် မြူးနစ်အသင်းက သက်သေပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က