loading...

loading...

loading...

ဂျူဗင်တပ်ကို ၈ နှစ်ဆက် အမှတ်ပေးချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Kyaw Ko Ko Sint

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီးနောက် နည်းစနစ်ပိုင်း ပြန်လည်လေ့လာမှုတွေကို တောက်လျှောက် ပြုလုပ်နေခဲ့ကာ အခုလို ထုတ်ဖော်ပြောလာခဲ့တယ်လို့ Sportskeeda ကဖော်ပြခဲ့တာပါ။

ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီက ဘောလုံး အားကစားဆိုတာ မိုက်မဲတဲ့ ကစားနည်းတစ်ခုလို့သာ ယုံကြည်တယ်လို့ ပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြပါတယ်။ အယ်လီဂရီအနေနဲ့ ဒီနှစ်မှာ ဂျူဗင်တပ်အသင်းကို ၈ နှစ်ဆက် အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေး နိုင်ခဲ့သလို ကိုယ်တိုင်လည်း ၅ နှစ်ဆက် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်လိုက်တာဖြစ်ပါတယ်။ အေစီမီလန်အသင်းရဲ့နည်းပြဟောင်းတစ်ဦးလည်း ဖြစ်တဲ့ အယ်လီဂရီကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ထွက်ခဲ့ရတဲ့အပေါ် နည်းဗျူဟာပိုင်း ပြန်လည်ဆန်းစစ်မှု ပြုလုပ်ခဲ့ရာမှာတော့ အခုလို ထုတ်ဖော်ပြောလာခဲ့ပါတယ်။

“ဉာဏ်ရည်မြင့်မားသူတွေအတွက် ဘောလုံးဆိုတာ မိုက်မဲတဲ့ ကစားနည်းတစ်ခုပါပဲ၊ အရိုးရှင်းဆုံး ပြောရရင် မှန်ကန်မှုကို ရနိုင်ဖို့ ခက်ခဲလိုပါပဲ၊ ဥပမာအနေနဲ့ ကစားသမားတစ်ဦးကို ရိုးရှင်းတဲ့ ဘောလုံးပေးနည်း ပြောပြတဲ့ အခါ အဲ့ဒါ မရိုးရှင်းပါဘူး၊ ကစားသမားအများစုက ဘောလုံးကို ဘယ်လောက် စွမ်းဆောင်နိုင်ကြောင်း ပြချင်ကြ ပါတယ်၊အဲ့ဒါက ဘောလုံးအားကစားမဟုတ်ပါဘူး၊”လို့ အယ်လီဂရီက ပြောသွားတာပါ။

လက်ရှိမှာတော့ အယ်လီဂရီအနေနဲ့ ဂျူဗင်တပ်အသင်းကထွက်ဖို့ လုံးဝမရှိပဲ အင်တာမီလန်ကို သရေကျခဲ့တဲ့ပွဲက နည်းဗျူဟာနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ဆန်းစစ်လေ့လာလျက်ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က