ကူးစက်မှုတွေက ပိုမိုပြီးမြင့်တက်လာဖွယ်ရာရှိနေပါတယ်။
Pyae Phyo Thein

ကူးစက်ခံနေရတဲ့ ကစားသမား၊ နည်းပြတွေရဲ့ အခြေအနေတွေကတော့ ကောင်းမွန်နေပြီး မကြာခင်ပြန်လည်သက်သာလာမယ်လို့လည်း မျှော်လင့်ရကြောင်း အသင်းတိုင်းက သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ရေးသားအသိပေးထားခဲ့ကြပါတယ်။


ဒီနေ့မနက်ပိုင်းအစောကြီးကပဲ အာဆင်နယ်အသင်းနည်းပြအာတီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အာဆင်နယ်အသင်းက အတည်ပြုသွားခဲ့ပြီးဖြစ်ပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ချယ်လ်ဆိးအသင်းတောင်ပံကစားသမား အိုဒွိုင်ပါ ကူးစက်နေတယ်လို့ ချယ်လ်ဆီးအသင်းက တရားဝင်အတည်ပြုသွားခဲ့ပါတယ်။ 

ဒါ့အပြင် မန်စီးတီးနောက်ခံလူမန်ဒီရဲ့ အိမ်သားတစ်ဦးဟာလည်း ကူးစက်ခံနေရတယ်လို့ သိရကာ ကစားသမားရဲ့အခြေအနေကိုလည်း စောင့်ကြည့်နေရပြီဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေနဲ့အတူ မန်စိးတီးအသင်းနဲ့ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်လည်း စိုးရိမ်စရာတွေက ရှိလာခဲ့ပြီး မန်ချက်စတာအခြေစိုက်ကလပ်အသင်းနှစ်သင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ 

အချို့သတင်းတွေအရတော့ ဂျူဗင်တပ်စ်ကစားသမားဒီဘာလာဟာလည်း ကူးစက်ခံနေရတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အဆိုပါသတင်းဟာ ကောလာဟလဖြစ်တယ်လို့ သတင်းတွေထပ်ထွက်ခဲ့ပြီး ဘောလုံးလောကအတွင်းမှာတော့ တော်တော်လေးလှုပ်ခတ်လာပြီဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်တာကို ချက်ချင်းဆိုသလိုသိရှိနိုင်တာမျိုးမဟုတ်ဘဲ ရက်အနည်းငယ်ကြာမှာ သိရှိရတာဖြစ်လို့လည်း ပိုမိုပြီးစိုးရိမ်စရာဖြစ်နေခဲ့ရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ကလပ်အသင်းအားလုံးကို အရေးပေါ်အစည်းအဝေးပြုလုပ်ဖို့ ခေါ်ယူထားပြီး လက်ကျန်ရာသီအတွက် ဆုံးဖြတ်ချက်ချမှတ်တော့မှာဖြစ်ပါတယ်။

စီးရီးအေမှာဆိုရင် ဆမ်ဒိုရီးယားတိုက်စစ်မှူးဂတ်ဘီယာဒီနီ ကူးစက်ခံရတယ်လို့ သိရပြီးနောက် သူတို့နဲ့ကစားခဲ့တဲ့ ဗီရိုနာကလည်း ပြိုင်ပွဲအားလုံးကနုတ်ထွက်တယ်လို့ ကြေညာသွားခဲ့ပါပြီ။ ကူးစက်ခံနေရတဲ့ ကစားသမား၊ နည်းပြတွေရဲ့ အခြေအနေတွေကတော့ ကောင်းမွန်နေပြီး မကြာခင်ပြန်လည်သက်သာလာမယ်လို့လည်း မျှော်လင့်ရကြောင်း အသင်းတိုင်းက သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ရေးသားအသိပေးထားခဲ့ကြပါတယ်။ 


က္က