လက်ရှိမှာတော့ ကိုပါအမေရိကဖလားပွဲကို အာဂျင်တီးနားနဲ့အတူ ပါဝင်ကစားနေပါတယ်။

ဘလွန်းဒီအောဆုကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးထားသလို ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုများစွာ ရယူထားနိုင် ပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနား အောင်မြင်မှု မရသေးတာက မက်ဆီရဲ့ အဓိက အားနည်းချက် ဖြစ် နေစေပါတယ်။

အသက် ၃၂ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းနဲ့အတူ ဆုဖလားပေါင်း ၃၀ ကို ဆွတ်ခူးထားသလို တစ်ဦးချင်း ထူးချွန်ဆုတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးအဖြစ်ပေါ် တူဂီ ကြယ်ပွင့် ရော်နယ်ဒိုနဲ့အတူ သတ်မှတ်ခံထားရသူပါ။



ပီးဆုံးသွားခဲ့ပြီ ဖြစ်တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာလည်း လာလီဂါ သွင်းဂိုး ၃၆ ဂိုးထိသွင်းယူနိုင်ခဲ့လို့ ရွှေဖိနပ် ဆုကို ၆ ကြိမ်မြောက်ဆွတ်ခူးထားတဲ့ မက်ဆီအနေနဲ့ ဘောလုံးသမားဘဝက အနားမယူခင် ထပ်မံ ချိုးဖျက်ရမယ့် စံချိန်နဲ့ ထပ်မံ ရယူရမယ့် အောင်မြင်မှုအချို့ ကျန်ရှိနေသေးတဲ့အကြောင်း Sportskeeda သတင်းဌာနက စစ်တမ်း ထုတ်ယူဖော်ပြလာပါတယ်။

၁။ ချန်ပီယံလိဂ်ရဲ့ တစ်သက်တာ ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာဖို့

------------------------

ဒီစံချိန်ကိုတော့ လက်ရှိ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုထက် ပိုမို သွင်းယူထားနိုင်သူ မရှိသေးပါဘူး။ရော်နယ်ဒိုက ၁၂၆ ဂိုးထိသွင်းယူထားပြီး မက်ဆီကတော့ ၁၁၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ သိပ်အများကြီး ကွာဟခြင်း မရှိလို့ လက်ကျန် ဘောလုံးသမားဘဝမှာ ရော်နယ်ဒိုရဲ့ စံချိန်ကို မက်ဆီ ချိုးဖျက်နိုင်ရင်တော့ ချန်ပီယံလိဂ်ရဲ့ တစ်သက်တာ သွင်းဂိုးအများဆုံး ကစားသမားစံချိန်ကို ရယူသွားနိုင်မှာပါ။

၂။ ချန်ပီယံလိဂ်ဆုဖလား ထပ်မံရဖို့လိုအပ်နေသေး

------------------------

ချန်ပီယံလိဂ်ဆုဖလားကို ၄ ကြိမ်ထိ ရယူထားနိုင်တဲ့ မက်ဆီကတော့ နောက်ဆုံးရယူထားနိုင်တာ ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆီမီးဖိုင်နယ်မှာလီဗာပူးကို ပထမအကျော့ အိမ်ကွင်းမှာ ၃-၀ နဲ့နိုင်နေပေမယ့် ဒုကျော့ မှာ ၄-၀ နဲ့ ပြန်ရှုံးသွားလို့ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ၄ ကြိမ်သာ ရထားပြီး ၅ ကြိမ် မြောက် မရယူထားနိုင်ငေးတဲ့မက်ဆီဟာ ဝေဖန်မှုအချို့ကိုလည်း ခံနေရတယ်လို့ သိရပါတယ်။ ၂၀၁၅နောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားနဲ့ ကပ်လွဲနေရတဲ့ ဘာစီလိုနာအတွက် တာဝန်အရှိဆုံးက နည်းပြတွေ မဟုတ်ပဲ မက်ဆီသာ ဖြစ်တယ်လို့ နယ်သာလန်နဲ့မန်ယူနည်းပြဟောင်းဗန်ဟားက ဝေဖန်ထားတာပါ။ လာမယ့်နှစ် မှာတော့မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကိုအသင်းခေါင်းဆောင်တစ်ယောက်အဖြစ် ပထမဆုံးကိုင်မြှောက်နိုင် မလားဆိုတာ စိတ်ဝင်စားစရာပါ။

၃။ အာဂျင်တီးနားနဲ့ ချန်ပီယံဖြစ်ဖို့

----------------------

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်းများစွာ ဆွတ်ခူးထားနိုင်ပေမယ့် နိုင်ငံအသင်းနဲ့တော့ လောက်လောက်လားလားအောင်မြင်မှု တစ်ခုမှ မရှိထားပါဘူး။ဒါကပဲ မက်ဆီတွက် အားနည်းချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် အချိန်ပိုမှာ ဂေါ့ဇီရဲ့ အသည်းခွဲဂိုးကြောင့် မက်ဆီရဲ့ အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၅ နဲ့ ၂၀၁၆ ကိုပါ အမေရိက ဖလား ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာလည်း ချီလီကို ၂ ကြိမ်ဆက် အရေးနိမ့်ပြီး ကိုပါဖလားနဲ့ လွဲချော်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဒီနှစ် ကိုပါဖလားပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ပြန်ပြီဖြစ်ပြီး အာဂျင်တီး နားအသင်းနဲ့အတူ ပထမဆုံး ဆုဖလား ကိုင်မြှောက်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရ ဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က