Pyae Phyo Thein

ဂျူဗင်တပ်စ်အသင်းထွက်ခွာခဲ့ပြီးတဲ့နောက်မှာ ပေါ်တူဂီသားကြီးက အသင်းရဲ့အခြေအနေကို စိတ်ပျက်နေပြီး အသင်းသစ်ရှာဖွေမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။


ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အသင်းထွက်ခဲ့ရပေမယ့် ရော်နယ်ဒိုအသင်းမှာသာဆက်ရှိမယ်လို့ ယုံကြည်ကြောင်း ဂျူဗင်တပ်စ်အသင်းဥက္ကဌအဂ္ဂါနယ်လီက ပြောဆိုလိုက်ပါတယ်။ ဂျူဗီဟာ အိမ်ကွင်းမှာ လိုင်ယွန်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂-၂ ဖြစ်ခဲ့ကာ အဝေးဂိုးကြောင့် ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးက အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ်တစ်ဂိုးလိုအပ်နေခဲ့ပြီး မသွင်းယူနိုင်ခဲ့လို့ ဂျူဗီတို့ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ တော်တော်လေးစိတ်ဓာတ်ကျနေခဲ့တဲ့အသွင်မှာရှိနေပြီး ကွင်းအတွင်းမှာ ခေါင်းငိုက်စိုက်ကျနေခဲ့ပါတယ်။ 

"သူ အသင်းမှာဆက်ရှိနေမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်၊ ဒါကို ပြီးခဲ့တဲ့လပေါင်းများစွာကလည်း ပြောပြီးသားပါ၊ သူ အသင်းကထွက်တော့မယ်ဆိုပြီးတော့ ဖော်ပြနေတာတွေက အရင်ကတည်းကရှိနေခဲ့တာပါ၊ သူ အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်" လို့ အဂ္ဂါနယ်လီက Sky Italia ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းထွက်ခွာခဲ့ပြီးတဲ့နောက်မှာ ပေါ်တူဂီသားကြီးက အသင်းရဲ့အခြေအနေကို စိတ်ပျက်နေပြီး အသင်းသစ်ရှာဖွေမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မွေးရပ်မြေမှာ ကျင်းပမယ့် ဒီပြိုင်ပွဲကို အသင်းနဲ့အတူ အောင်မြင်မှုရဖို့ ရော်နယ်ဒိုက မျှော်လင့်ထားခဲ့ပြီး ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရချိန်မှာတော့ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ 

ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ရယူဖို့၊ မတူညီတဲ့ အသင်းသုံးသင်းနဲ့ ရယူဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပြီး ဒီရာသီမှာတော့ ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က