ရော်နယ်ဒိုက ၁၁ ပွဲဆက် ဂိုးသွင်းထားတာပါ။

ရော်နယ်ဒိုက အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် ဂိုးသွင်း ယူထားနိုင်တဲ့အပေါ် မက်ဆီက အံ့အားသင့်စရာမရှိဘူးလို့ ပြောလာတာပါ။

Image result for ronaldo and messi



ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက်တိုက် သွင်းယူပေးထားနိုင်တဲ့ ရော်နယ်ဒိုရဲ့ စွမ်းဆောင် ရည်အပေါ် အံ့အားသင့်ဖို့ မရှိပဲ ဒါဟာ ရော်နယ်ဒိုအတွက် ပုံမှန်ပါပဲလို့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဆိုလာခဲ့တယ်လို့ Goal.com သတင်းဌာနကဖော်ပြလာပါတယ်။

ရော်နယ်ဒိုအနေနဲ့ အသက် ၃၅ နှစ်ရှိလာပြီ ဖြစ်သည့်တိုင် ဂိုးသွေးခြေမကျသေးပဲ ဂိုးတွေ ဆက်တိုက်သွင်းယူ နေချိန်မှာ မက်ဆီကတော့ နောက်ဆုံး ၄ ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တာပါ။

ဒါပေမယ့်လည်း အသင်းအတွက် ၃ပွဲမှာ  ၆ဂိုးထိ ဖန်တီးပေးထားနိုင်ခဲ့သူက ရော်နယ်ဒို ဂိုးတွေ ဆက်တိုက်သွင်းဖြစ်‌ နေတဲ့အပေါ် အံ့အားမသင့်ဘူးလို့ ဆိုလာတာပါ။

Image result for ronaldo and messi

“ပုံမှန်ပဲလို့ မြင်ပါတယ်၊သူက ပုံမှန်ထက် ထူးခြားလွန်ကဲတဲ့ ခြေစွမ်းမြင့် တိုက်စစ်မှူး တစ်ဦးပါ။နေ့ရက်တိုင်းကို သူ သွင်းဂိုးတွေနဲ့ ဖြတ်သန်းနိုင်သူပါ။”လို့ မက်ဆီက Mundo Deportivo သတင်းဌာနကိုပြောလာတာပါ။

မက်ဆီကိုယ်တိုင်ကလည်း လာလီဂါ ၁၉ ပွဲမှာ ၁၄ ဂိုးထိ သွင်းယူထားသူဖြစ်ပြီး လက်ရှိမှာ အသက် ၃၂ နှစ်ရှိနေပါပြီ။

ကစားဖော်ဟောင်း ပူယိုးလ်ကလည်း မက်ဆီအနေနဲ့ အသက် ၃၈ နှစ်အထိ ဘောလုံးကောင်းစွာ ကစားနိုင်သေး တယ်လို့ သုံးသပ်ထားတာ ရှိပါတယ်။

ဘာစီလိုနာအသင်းကတော့ လက်ရှိမှာ ရီးရဲအောက် တစ်မှတ်လျော့နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည် နေပြီး ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကတော့ စီးရီးအေမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

Share

Loading Next Article...
က္က