အဝေးဂိုးရလဒ်ကြောင့် အရေးနိမ့်ခဲ့ရပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပေးခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ဘဲ နှစ်ကျော့ပေါင်းရလဒ် ၂-၂ နဲ့ ဂျူဗီတို့ လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာအနိုင်ရခဲ့ပေမယ့် အဝေးဂိုးရလဒ်ကြောင့် ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပေးခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ဘဲ နှစ်ကျော့ပေါင်းရလဒ် ၂-၂ နဲ့ ဂျူဗီတို့ လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

လိုင်ယွန်ကတော့ အဝေးဂိုးရရှိခဲ့ပြီးနောက်မှာ ပွဲကိုခံစစ်အသွင်နဲ့သာ ကစားနေခဲ့ပြီး ကြံ့ကြံ့ခံနေခဲ့ပါတယ်။ ဒီပိုင်းရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ လိုင်ယွန်တို့ ဦးဆောင်ခဲ့ပြီးနောက် ရော်နယ်ဒိုက ပယ်နယ်တီကတဆင့် တစ်ဂိုး၊ ဧရိယာပြင်ပကနေ ဘယ်ခြေကန်ချက်နဲ့ တစ်ဂိုးသွင်းယူကာ ပွဲကိုပြန်လည်ဦးဆောင်ခဲ့ပေမယ့် နောက်တစ်ဂိုးမရခဲ့ဘဲ အရေးနိမ့်ခဲ့ပါတယ်။ 

နည်းပြဆာရီရဲ့အသင်းဟာ အိမ်ကွင်းမှာ တိုက်စစ်ကိုပိုမိုအားပြုကစားခဲ့ပေမယ့်လည်း ရော်နယ်ဒိုတစ်ဦးတည်းအပေါ်သာ မှီခိုခဲ့ရလို့ အခက်ကြုံခဲ့ရပါတယ်။ ဒီဘာလာကို ထည့်သွင်းကစားခဲ့ပေမယ့်လည်း ဒဏ်ရာပြန်ရသွားခဲ့လို့ ပြန်လဲလှယ်ခဲ့ရပြီး ဆာရီအတွက် စိတ်ပျက်စရာညတစ်ညဖြစ်ခဲ့ရကာ ဂျူဗင်တပ်စ်ဟာလည်း ဥရောပအိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အက်သလက်တီကိုကို ဟက်ထရစ်သွငး်ယူပြီးတော့ အသင်းကိုနောက်တဆင့်ပို့ပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ၂ဂိုးအထိသွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးမရခဲ့တဲ့နောက် သူ့ရဲ့စွမ်းဆောင်ပေးမှုအားလုံးကလည်း အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ လိုင်ယွန်ကတော့ အဖိုးတန်အဝေးကွင်းဂိုးရရှိခဲ့တာကို အကောင်းဆုံးအသုံးချကာ နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ 


Author


က္က