အင်တာမီလန်ကို တစ်ရာသီအတွင်း ဖလား ၃လုံးရရှိအောင် ကူညီပေးခဲ့သူပါ။
Pyae Phyo Thein

၂၀၁၀ ပြည့်နှစ်တုန်းက မော်ရင်ဟိုရဲ့ အင်တာမီလန် တစ်ရာသီအတွင်းဖလားသုံးလုံးတစ်ပြိုင်တည်းဆွတ်ခူးခဲ့မှုမှာ ရှနိုက်ဒါက အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။


နယ်သာလန်နဲ့ အင်တာမီလန်ကွင်းလယ်လူဟောင်းဝက်စလေရှနိုက်ဒါက မက်ဆီ၊ ရော်နယ်ဒိုတို့လို ခြေစွမ်းမျိုးရှိခဲ့တယ်လို့ ပြောဆိုနေခဲ့ကြပေမယ့် သူကတော့ အဲဒီလိုမခံစားခဲ့ရဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက မော်ရင်ဟိုရဲ့ အင်တာမီလန် တစ်ရာသီအတွင်းဖလားသုံးလုံးတစ်ပြိုင်တည်းဆွတ်ခူးခဲ့မှုမှာ ရှနိုက်ဒါက အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် နယ်သာလန်အသင်းကိုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရှနိုက်ဒါဟာ ဘလွန်းဒီအောဆုအတွက် ရွေးချယ်မှုမှာတော့ မက်ဆီ၊ အင်နီယေစတာ နဲ့ ဇာဗီတို့ရဲ့နောက် အဆင့် ၄နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရှနိုက်ဒါက သူသာ သူ့ဘဝကို မရောင့်ရဲခဲ့ဘူးဆိုရင် မက်ဆီ၊ ရော်နယ်ဒိုတို့လိုဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်းတော့ ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်က သူတို့လိုမျိုးဖြစ်လာနိုင်ခဲ့တာပါ၊ သူတို့လိုခြေစွမ်းမျိုးရှိခဲ့တယ်လို့တော့ ကျွန်တော်မခံစားမိပါဘူး၊ ကျွန်တော့်ဘဝကို ကျွန်တော်ပျော်ရွှင်မိပါတယ်၊ လီယိုနဲ့ ခရစ္စတီယာနိုတို့က ကွဲပြားခြားနားတဲ့ ကစားသမားတွေဖြစ်ပြီး သူတို့အခုလိုဖြစ်လာဖို့အတွက် စွန့်လွှတ်မှုတွေအများကြီး ပြုလုပ်ခဲ့ကြပါတယ်၊ ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝက အံ့အားသင့်စရာပါ" လို့ ရှနိုက်ဒါက Gianluca di Marzio ကို ပြောခဲ့ပါတယ်။

ရှနိုက်ဒါကို ပရိသတ်တွေအားလုံးကလည်း ၂၀၁၀ မှာ ဘလွန်းဒီအောဆုရရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဆုရွေးချယ်မှုအဖွဲ့ကို ဝေဖန်မှုတွေအများအပြားရှိခဲ့ပြီး ရှနိုက်ဒါမရရှိရတဲ့အကြောင်းရင်းကိုလည်း မေးခွနး်ထုတ်ခဲ့ကြပါတယ်။ ဟော်လန် ကြယ်ပွင့်ဟာ အေဂျက်ဇ်၊ ရီးရဲလ်၊ ဂါလာတာစာရေးတို့မှာလည်း အမှတ်ပေးဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာတော့ ငွေဖိနပ်ဆု နဲ့ ကြေးဘောလုံးဆုရရှိခဲ့ပါတယ်။ 


Author


က္က