COVID-19 ရောဂါအန္တရာယ်ကြောင့် အီတလီကနေ မွေးရပ်မြေ ပေါ်တူဂီကို ပြန်သွားခဲ့တာပါ..
Kyaw Ko Ko Sint

ဂျုဗင်တပ်အသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ COVID-19 ရောဂါအန္တရာယ် မြင့်တက်နေတဲ့ အီတလီနိုင်ငံကနေ မိခင်နိုင်ငံ ပေါ်တူဂီကို ပြန်သွားခဲ့ပြီလို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။ 

နည်းပြဆာရီက အသင်းကို ပုံမှန်လေ့ကျင့်ရေးပြုလုပ်စေသည့်တိုင် ပြန်သွားခဲ့တာလို့ ဂျူဗင်တပ်အသင်းက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။ အီတလီစီးရီးအေ ပွဲတွေကို ဧပြီလ ၃ ရက်နေ့အထိ ရပ်နားလိုက်ပြီလို့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အချိန်မှာပဲ အသင်းရဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် မွေးရပ်မြေ ပေါ်တူဂီကို ပြန်သွားနှင့်ပြီလို့ ဂျူဗင်တပ်အသင်းက အတည်ပြု ထုတ်ပြန်ခဲ့တယ်လို့ Goal.com က ဖော်ပြလာပါတယ်။

အီတလီမှာတော့ ကူးစက်မှုနှုန်း မြင့်မားနေပြီး လူပေါင်း ၁သောင်းကျော် ကူးစက်ခံရမှုမှာ ၃၀၀ ကျော် သေဆုံးနှင့် ပြီလို့ သိရပါသေးတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့အတူ ပြီးခဲ့တဲ့အပတ်က အင်တာမီလန်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ စီးရီးအေ ကွင်းပိတ် ကစားတဲ့ပွဲမှာ နောက်ဆုံးပါဝင်ကစားပေးခဲ့ပါတယ်။ နည်းပြ ဆာရီကလည်း ပွဲတွေ ရက်ရွှေ့လိုက်ပြီ ဆိုပေမယ့် ဂျူဗင်တပ်အသင်းသားတွေကိုတော့ ဘယ်မှ မသွားစေပဲ ပုံမှန် ‌လေ့ကျင့်ရေးကိုသာ ဆက်လက်ပြုလုပ်စေခဲ့သည့်တိုင် ရော်နယ်ဒိုက ပြန်သွားတာလို့ ဂျူဗင်တပ်အသင်းက သတင်းထုတ်ပြန်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ဂျူဗင်တပ်အသင်းဖော် အီတလီ နောက်ခံလူ ရူဂါနီဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သိသိပြီးချင်းမှာပဲ ပြန်သွားခဲ့တာလို့လည်း အချို့သော သတင်းတွေမှာ ဖော်ပြလာပါတယ်။လတ်တလောမှာလည်း အင်တာမီလန်အသင်းက ပြိုင်ပွဲအားလုံးကနေ နှုတ်ထွက်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ တာကြောင့် အင်တာမီလန်ကစားဖို့ရှိတဲ့ ဂီတာဖေးနဲ့ ယူရိုပါလိဂ်ပွဲကလည်း အလိုလို ပျက်ပြယ်သွားပါပြီ။ ဒီကနေ့ည ကစားမယ့် ယူရိုပါလိဂ်ပွဲ တော်‌တော်များများကိုလည်း ကွင်းပိတ်ကစားဖို့ ယူအီးအက်ဖ်အေက ထုတ်ပြန် ထားပါတယ်၊


ဆက်စပ်အကြောင်းအရာများ


က္က