ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ ကစားကြမှာပါ။
Pyae Phyo Thein

ပထမအကျော့က အိမ်ကွင်းမှာပဲ ရီးရဲလ်က မန်စီးတီးကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့အဝေးကွင်းပွဲစဉ်ကို ခက်ခက်ခဲခဲကစားရတော့မှာဖြစ်သလို အသင်းခေါင်းဆောင်ရာမို့စ်လည်း ပွဲပယ်ခံထားရလို့ ပိုမိုအခက်ကြုံတော့မှာဖြစ်ပါတယ်။ 


မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အဒီဘာယောက မန်စီးတီး နဲ့ ရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရော်နယ်ဒိုသာ စပိန်ကလပ်အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပြီး မက်ဒရစ်အတွက် အခက်အခဲတွေရှိနေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားလေးလုံးအထိ ဆွတ်ခူးခဲ့သူဖြစ်ပြီး ၂၀၁၈ မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပထမအကျော့က အိမ်ကွင်းမှာပဲ ရီးရဲလ်က မန်စီးတီးကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့အဝေးကွင်းပွဲစဉ်ကို ခက်ခက်ခဲခဲကစားရတော့မှာဖြစ်သလို အသင်းခေါင်းဆောင်ရာမို့စ်လည်း ပွဲပယ်ခံထားရလို့ ပိုမိုအခက်ကြုံတော့မှာဖြစ်ပါတယ်။ 


အဒီဘာယောကတော့ ဇီဒန်းရဲ့ အသင်းမှာ ရော်နယ်ဒိုသာရှိနေမယ်ဆိုရင် အလွယ်တကူပဲ ကျော်လွှားနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ "လွန်ခဲ့တဲ့နှစ်နှစ်လောက်သာ ဒီလိုပွဲမျိုးမှာ ဘယ်အသင်းနောက်တဆင့်တက်မလဲမေးရင် မက်ဒရစ်လို့ ကျွန်တော်ပြောမိမှာ၊ ရော်နယ်ဒိုရှိနေခဲ့လို့ ရီးရဲလ်က ပိုပြီးတော့ ရေပန်းစားနေခဲ့တာပါ၊ သူက ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့ပါတယ်"

"ဘယ်လိုအနေအထားမျိုးမှာဖြစ်ဖြစ် သူက ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်ပြီး တစ်ရာသီကို ဂိုး ၅၀ လောက်သွင်းနိုင်ခဲ့တာပါ၊ ပထမအကျော့က အိမ်ကွင်းမှာ သူတို့ရှုံးနိမ့်ခဲ့ပြီး ပရိသတ်မပါဘဲကစားရမယ့်ပွဲ၊ ရင်ဆိုင်ရမှာက မန်စီးတီး၊ ရာသီဥတုအနေအထားတွေကြောင့် ခက်ခဲမှာပါ၊ ဒါမေပယ့် မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး"

"ရီးရဲလ်မှာ အတွေ့အကြုံရင့်တဲ့ မာဆယ်လို၊ ဘန်ဇီမာ၊ ကော်တွိုက်စ်တို့ရှိနေပြီး သူတို့ကို ပွဲကြီးပွဲကောင်းတွေမှာ အသုံးပြုလို့ရပါတယ်" လို့ AS ကို ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ကတော့ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်လို့ ဒီပွဲကို စိတ်ပိုင်းဆို်င်အကောင်းဆုံးအနေအထားနဲ့ ရင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ 


Author


က္က