စပိန်နဲ့ ကစားခဲ့တဲ့ ၂၀၁၀ က ပွဲစဉ်မှာပါ။
Pyae Phyo Thein

ပေါ်တူဂီက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုဂိုးမသွင်းယူနိုင်ခဲ့သလို ကစားသမားဘဝမှာ အကောင်းဆုံးသွင်းဂိုးအဖြစ်မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ 


၂၀၁၀ ခုနှစ်အတွင်းက ပေါ်တူဂီနဲ့ စပိန်အသင်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက ကစားသမားဘဝအလှပဆုံးသွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါသွင်းဂိုးဟာ အသင်းဖော်နာနီကြောင့် ပျက်ပြယ်ခဲ့ရပြီး ရော်နယ်ဒိုဟာလည်း ဂိုးမရခဲ့တဲ့အတွက် အသင်းခေါင်းဆောင်လက်ပတ်ကို ချွတ်ပစ်ကာကိုင်ပေါက်ခဲ့တဲ့အထိ ဒေါသပေါက်ကွဲခဲ့ရတာဖြစ်ပါတယ်။ 

နာနီရဲ့ ပြန်ပြောင်းပြောဆိုမှုအရသိရှိရတာဖြစ်ပြီး ရော်နယ်ဒိုဟာ သူ့ကိုဒေါသထွက်ခဲ့တာမဟုတ်ဘဲ ဂိုးမပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ကိုသာ ဒေါသထွက်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါပွဲမှာ ပေါ်တူဂီက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုဂိုးမသွင်းယူနိုင်ခဲ့သလို ကစားသမားဘဝမှာ အကောင်းဆုံးသွင်းဂိုးအဖြစ်မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ 

ပေါ်တူဂီအသင်းဖော်တစ်ဦးက ပေးပို့ခဲ့တဲ့ဘောလုံးကို လက်ခံရယူခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက ဘယ်ခြမ်းကနေ တောက်လျှောက်ပြေးဆွဲသွားခဲ့ကာ စပိန်အသင်းဧရိယာအတွင်းကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ပီကေးက လိုက်လံဟန့်တားခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပညာသားပါလှတဲ့ ခြေယောင်ပြမှုကြောင့် အငိုက်မိခဲ့ရပြီး ပူယိုးလ်က ရော်နယ်ဒိုရှေ့ကနေ ထပ်မံတားဆီးခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက နောက်တစ်ကြိမ်လှည့်စားခဲ့ပြီး ဂိုးပေါက်ထဲကို ကျော်သွင်းယူခဲ့ပါတယ်။

အဆိုပါကန်သွင်းမှုဟာ သေချာပေါက်ဂိုးဝင်မယ့်အနေအထားဖြစ်ခဲ့ပေမယ့် နာနီက ပြေးဝင်ကာခေါင်းတိုက်ပိတ်သွင်းယူခဲ့ပါတယ်။ ဒီအတွက်ကြောင့် နာနီလူကျွံနေတယ်လို့ စည်းကြပ်ဒိုင်က အချက်ပြခဲ့ပြီးနောက် ပယ်ဖျက်ခံခဲ့ရပြီး ရော်နယ်ဒိုဟာလည်း ဒေါသတကြီးနဲ့ လက်ပတ်ချွတ်ကာ ကိုင်ပေါက်ခဲ့တဲ့အထိ ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။ 

UTD Podcast ကတဆင့် နာနီက "သူ ကျွန်တော့်ကို ဒေါသထွက်ခဲ့တာမဟုတ်ပါဘူး၊ ဆိုးရွားတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ ဒိုင်လူကြီးကို ဒေါသထွက်ခဲ့တာပါ၊ ဘောလုံးကဂိုးထဲမဝင်သေးဘူးဆိုရင်တောင်မှ ဘောလုံးရောက်နေမှ ကျွန်တော်က ရောက်သွားတာပါ၊ ကျွန်တော်လူမကျွံခဲ့ပါဘူး၊ ဗီဒီယိုကိုပြန်ကြည့်ရင် သိနိုင်ပါတယ်၊ သူ့ရဲ့သွင်းဂိုးကို ကျွန်တော့်ဂိုးအဖြစ်ပြောင်းလဲဖို့မဟုတ်ခဲ့ပါဘူး၊ အဲဒီလှပတဲ့သွင်းဂိုးအတွက်လည်း သူ့ကို ကျွန်တော်တောင်းပန်ခဲ့ပါတယ်" လို့ ဖွင့်ဟသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က