အီတလီကို အသွားအပြန်ပြုလုပ်ခဲ့မှု၊ နေထိုင်မှုပုံစံကြောင့် ဝေဖန်ခံခဲ့ရတာပါ။

အီတလီမှာတော့ ဗိုင်းရပ်စ်ကူးစက်နှုန်းက တော်တော်လေးမြင့်တက်နေခဲ့ပြီး လူပေါင်း ၇၅၀၃ ဦးအထိ သေဆုံးခဲ့ရပြီးဖြစ်ကာ အခြေအနေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ကာလအတွင်းမှာ ပြုမူခဲ့တဲ့ အပြုအမူတွေအတွက် ဂျူဗင်တပ်ဥက္ကဌဟောင်းဂျီယိုဗန်နီကိုဘယ်လ်လီရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံလိုက်ရပြီဖြစ်ပါတယ်။ အသင်းဖော်ရူဂါနီဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အသက် ၃၅ နှစ်အရွယ်ကစားသမားဟာ မက်ဒဲရားမှာ ရောဂါခြေချုပ်မိနေခဲ့တာဖြစ်ပါတယ်။ 



မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရော်နယ်ဒိုဟာ ပေါ်တူဂီကို ပြန်သွားခဲ့ရပြီး အင်တာမီလန်နဲ့ကစားရမယ့် စီးရီးအေပွဲအတွက် အီတလီကို ပြန်လာခဲ့ရသူလည်းဖြစ်ပါတယ်။ အီတလီမှာတော့ ဗိုင်းရပ်စ်ကူးစက်နှုန်းက တော်တော်လေးမြင့်တက်နေခဲ့ပြီး လူပေါင်း ၇၅၀၃ ဦးအထိ သေဆုံးခဲ့ရပြီးဖြစ်ကာ အခြေအနေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။ 

as

ဂျူဗီဥက္ကဌဟောင်းဂျီယိုဗန်နီက အသင်းအနေနဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်မားနေချိန်မှာ ကစားသမားကို အိမ်ပြန်ခွင့်မပြုခဲ့သင့်ဘူးလို့ ယူဆခဲ့ပြီး အသင်းရဲ့လုပ်ရပ်အပေါ်မှာ ပြစ်တင်သွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ နေထိုင်မှုပုံစံကိုလည်း ဝေဖန်သွားခဲ့ပြီးတော့ အခြားသောကစားသမားတွေလည်း အိမ်ပြန်ချင်စိတ်ဖြစ်ပေါ်လာပြီး ထိန်းသိမ်းရခက်မယ်လို့ သူက ရည်ရွယ်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ဂျူဗီကစားသမားတွေဖြစ်တဲ့ ဟီဂူအင်၊ ဒေါက်ဂလပ်စ်ကော်စတာနဲ့ ပီယာနစ်တို့ဟာ အသင်းကနေ ထွက်ခွာပြီး နေရပ်ကို အသီးသီးပြန်သွားကြပြီလည်းဖြစ်ပါတယ်။ 

"သူပြန်သွားတဲ့အချိန်မှာ ဂျူဗီအတွက် စိတ်ရှုပ်ထွေးစရာတွေဖြစ်လာခဲ့ပါတယ်၊ သူက ပေါ်တူဂီကို သူ့မိခင်ကျန်းမာရေးကြောင့်လို့ အကြောင်းပြပြီး ပြန်သွားခဲ့ပါတယ်၊ ဒါပေမယ့်လည်း အခုတော့ သူက ရေကူးကန်တွေနားမှာပဲ ဓာတ်ပုံရိုက်နေပါတယ်၊ သူ့အတွက် အသင်းက သီးသန့်စီစဉ်ပေးတဲ့အချိန်မှာ အခြားအရာတွေဖြစ်လာခဲ့တာပါ"

"နောက်ထပ်ကစားသမားတွေကလည်း အသင်းကနေ အိမ်ကို ပြန်ချင်ခဲ့ကြပါတယ်၊ ဒီလိုမျိုးမဖြစ်ခဲ့သင့်ပါဘူး၊ သူတို့အားလုံးကို ရောဂါခြေချုပ်ထားရှိခဲ့သင့်တာပါ၊ ဝေဖန်ရတာက လွယ်ကူပါတယ်၊ ဒါပေမယ့်လည်း ကစားသမားတွေ ဘာလို့အီတလီက ထွက်သွားချင်တာလဲဆိုတာကို ပြင်ပလူတစ်ဦးအနေနဲ့ ကျွန်တော်မသိပါဘူး"


"သူတို့အနေနဲ့ ၁၄ ရက်ကြာစောင့်ကြည့်ခံရပြီး အသင်းကို ပြန်ရောက်လာမယ့်အချိန်မှာ ပုံမှန်အတိုင်းဖြစ်ဖို့က ခက်ခဲလာပါလိမ့်မယ်"လို့ ဂျီယိုဗန်နီက Radio Punto Nuovo ကို ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ရောဂါကူးစက်ခံရခြင်းမရှိသလို ရောဂါခြေချုပ်နဲ့ နေထိုင်ရတဲ့ကာလအတွင်းမှာလည်း ပုံမှန်လေ့ကျင့်ခန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က