ရီးရဲလ်မှာပဲ ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိ ရှိနေမယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုက သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိ ကစားသွားမယ်လို့ ပြောဆိုလိုက်ပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ သတင်းတွေအပေါ်ကို တုံ့ပြန်လိုက်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်မှာ မာဆယ်လိုနဲ့ ပြန်လည်ကစားချင်နေတယ်လို့ သတင်းထွက်နေခဲ့တဲ့ ရော်နယ်ဒိုအတွက်လည်း စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။



Photo: 90 min

 

ဂျူဗင်တပ်စ်အသင်းဟာ မာဆယ်လိုကို လာမယ့်ဘောလုံးရာသီမှာ ခေါ်ယူဖို့အတွက် ကြိုးစားသွားမယ်လို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းကိုပါ ထပ်မံခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်က စီစဉ်နေခဲ့တာဖြစ်ပြီး မာဆယ်လိုနဲ့ ရော်နယ်ဒိုကို တူရင်မှာ ပြန်လည်ပူးပေါင်းဖို့ အိပ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဂျာစီကို ဆက်ခံဖို့ အခွင့်အရေးကို အဆန်စီယို ငြင်းပယ်ခဲ့ 

Photo: 90 min

"ရီးရဲလ်မှာ ကျွန်တော် အရမ်းပျော်နေပါတယ်၊ ဒီအသင်းက ကျွန်တော့်ရဲ့ အိမ်မှာပဲ၊ ပြီးတော့ အသင်းနဲ့အတူ နောက်ထပ်နှစ်အများကြီး ကစားဖို့ စာချုပ်ချုပ်ထားတာပါ၊ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကျွန်တော် အမြဲတမ်းကစားခွင့့်ရနေတာလေ၊ ဒီအကြောင်းတွေ ပြောပြရတာ ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ ပတ်သက်ပြီး ကောလဟလသတင်းတွေ ထွက်ပေါ်နေလို့ပါပဲ"

Photo: 90 min

 

"ကျွန်တော့်အလုပ်ကို ကျွန်တော်ကြိုးစားနေတယ်၊ ပြီးတော့ နှစ်တိုင်းမှာ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို ပြသနိုင်ဖို့ ပြုလုပ်နေတာပါ၊ ရီးရဲလ်မက်ဒရစ်အတွက် နှစ်ပေါင်းများစွာ ကစားပေးချင်မိပါတယ်၊ ဒီအသင်းမှာ ကစားခွင့်ရရှိဖို့ကို ကျွန်တော့်အသက် (၁၈)နှစ်ကတည်းက အိပ်မက်မက်ခဲ့ရတာပါ၊ ဒါကြောင့် ကစားသမားဘဝကုန်ဆုံးတဲ့အထိ ဒီမှာပဲ ဆက်ရှိနေမှာပါ" လို့ မာဆယ်လိုက ပြောကြားခဲ့ပါတယ်။

Photo: 90 min

 

အသက် (၃၀)နှစ် အရွယ် မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၀၆ ခုနှစ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင် (၁၂)နှစ်တာ ကာလ ရှိလာပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)လုံး၊ လာလီဂါအမှတ်ပေးဖလား (၄)လုံး အပါအဝင် အခြား ဆုဖလားများစွာကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က