ဂျီနိုအာကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။

အင်တာမီလန်က နိုင်ပွဲရယူထားခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဖယ်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပွဲချိန်နောက်ဆုံးမိနစ်မှာ ပင်နယ်တီရရှိခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ်ပင်နယ်တီသွင်းဂိုးကြောင့် အသက်ရှူချောင်ခဲ့ရပါတယ်။ ဂျီနိုအာအသင်းကို အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့်လည်း ဂျူဗင်တပ်စ်က တော်တော်လေးရုန်းကန်ခဲ့ရပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့်သာ ၃ မှတ်အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲကတော့ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဂျီနိုအာအသင်းဘက်က ဖရန်ဆက်စကိုကက်ဆာတာ၊ ဂျူဗီဘက်က ရာဘီယော့တို့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဝါကတ်စုစုပေါင်း ၆ ကြိမ်အထိ ပြသခံခဲ့ရပြီး အိမ်ရှင်အသင်းက ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ်။ ဘိုနူချီရဲ့ အဖွင့်ဂိုးနဲ့ ဂျူဗင်တပ်စ်က ဦးဆောင်နိုင်ခဲ့ပေမယ့် ကူအာမီက ဂျီနိုအာအတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။

ဂျူဗီအနေနဲ့ ပွဲချိန်နာရီဝက်ခန့်ကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ၈၇ မိနစ်မှာ ရာဘီယော့ပါထုတ်ပယ်ခံခဲ့ရလို့ သရေကျလုနီးပါးဖြစ်ခဲ့ရပါတယ်။ အင်တာမီလန်က နိုင်ပွဲရယူထားခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဖယ်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပွဲချိန်နောက်ဆုံးမိနစ်မှာ ပင်နယ်တီရရှိခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

ရော်နယ်ဒိုအတွက် ဒီရာသီမှာ စီးရီးအေသွင်းဂိုး ၅ ဂိုးမြောက်ဖြစ်လာခဲ့ပြီး အသင်းအတွက်လည်း အဖိုးတန်သုံးမှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဆာရီရဲ့ အသင်းအနေနဲ့ ဒီရာသီမှာ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသားအသာစီးရယူနိုင်မှု နည်းပါးနေခဲ့ပြီး ကျဉ်းမြောင်းတဲ့ ဂိုးကွာဟချက်တွေနဲ့သာ အနိုင်ကစားထားနိုင်ခဲ့တာကိုလည်း တွေ့မြင်နေရပါတယ်။



က္က