လက်ရှိမှာတော့ မာရီယာနိုက ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်အသင်းမှ လူငယ်ကစားသမား မားကို့အဆန်စီယိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကျောနံပါတ် (၇)ကို ဝတ်ဆင်ခွင့် ရရှိမယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျောနံပါတ် (၇)ကို အသစ်ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး မာရီယာနိုက ဝတ်ဆင်နေတာ ဖြစ်ပြီး ဂျာစီ (၇) ဟာ အသင်းကထွက်ခွာခဲ့တဲ့ ရော်နယ်ဒို (၈)နှစ်ကြာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ ဖြစ်ပါတယ်။



Photo : 90 min

 

Julio Maldonado ရဲ့ ပြောကြားမှုအရ ရော်နယ်ဒိုထွက်ခွာသွားပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆိုပါဂျာစီအတွက် အဆန်စီယိုကို ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆန်စီယိုကတော့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းလက်ထက်မှာ အသင်းကြီးကို ရောက်ရှိလာပြီး ခြေစွမ်းတိုးတက်လာမှုတွေကြောင့် မကြာခဏ ပွဲထွက်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo : 90 min

 

"ရီးရဲလ်က မားကို့အဆန်စီယိုကို ဂျာစီ (၇)အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားကတော့ ငြင်းဆိုခဲ့ပါတယ်၊ အသင်းက မာရီယာနိုကို ခေါ်ယူခဲ့အပြီးမှာတော့ ရော်နယ်ဒိုရဲ့ ကျောနံပါတ်ကို ဝတ်ဆင်ဖို့ ပေးအပ်စေခဲ့ပါတယ်" လို့ စပိန်အားကစားသတင်းထောက် ဂျူယီယိုမယ်ဒိုနာဒိုက ပြောကြားခဲ့ပါတယ်။

Photo : 90 min

 

အဆန်စီယိုကတော့ ရီးရဲလ်မက်ဒရစ်မှာ ဂျာစီနံပါတ် (၂၀)ကို ဝတ်ဆင်ကစားနေသူ ဖြစ်ပြီး မာယော့ကာအသင်းကနေ ရီးရဲလ်မက်ဒရစ်ကို လွန်ခဲ့တဲ့ (၂)နှစ်က ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဆန်စီယိုအနေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဘာနေဗျူးရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ဖြစ်တည်လာခဲ့ပြီး ဂန္ထဝင်ကျောနံပါတ်အတွက် ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

Photo : 90 min

 

မာရီယာနိုကတော့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီး တစ်နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာပြီးနောက် ဂျာစီ (၇)ကို ဝတ်ဆင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လိုင်ယွန်အသင်းမှာ တစ်ရာသီကြာ ကစားခဲ့တဲ့ မာရီယာနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းအတွက် (၂၁)ဂိုး အထိ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က