ဟိုတယ်ဝန်ထမ်းတစ်ဦးက ငြင်းဆိုခဲ့တာပါ။
Pyae Phyo Thein

စပိန်သတင်းစာ Marca က မနေ့က ဖော်ပြသွားခဲ့ရာမှာတော့ ရော်နယ်ဒိုက သူပိုင်ဟိုတယ်နှစ်လုံးကို ကိုရိုနာဗိုင်းရပ်စ်ကုသရာဆေးရုံတွေအဖြစ် ပြောင်းလဲသွားမယ်လို့ ပါရှိခဲ့ပါတယ်။ 


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုရဲ့ ဟိုတယ်တွေကို ဆေးရုံအဖြစ်ပြောင်းလဲသွားမယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ဘူးလို့ လစ္စဘွန်းမှာဖွင့်လှစ်ထားတဲ့ ဟို်တယ်က ဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စပိန်သတင်းစာ Marca က မနေ့က ဖော်ပြသွားခဲ့ရာမှာတော့ ရော်နယ်ဒိုက သူပိုင်ဟိုတယ်နှစ်လုံးကို ကိုရိုနာဗိုင်းရပ်စ်ကုသရာဆေးရုံတွေအဖြစ် ပြောင်းလဲသွားမယ်လို့ ပါရှိခဲ့ပါတယ်။ 

အဆိုပါဆေးရုံမှာ အခမဲ့ကုသခွင့်ရရှိမယ့်အပြင် တာဝန်ထမ်းဆောင်မယ့် ဆေးပညာကျွမ်းကျင်ဝန်ထမ်းတွေကိုလည်း ရော်နယ်ဒိုက လုပ်ခလစာပေးချေသွားဖို့တောင် ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဟိုတယ်ဝန်ထမ်းတစ်ဦးက နယ်သာလန်သတင်းစာတစ်စောင်ကို အဆိုပါသတင်းက မဟုတ်မှန်ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

"ကျွန်တော်တို့ဟိုတယ်ပါ၊ လက်ရှိအချိန်ထိတော့ အဲဒီလိုမျိုး ပြုလုပ်သွားမယ်ဆိုတာကို ကျွန်တော်တို့မသိပါဘူး၊ မီဒီယာတွေရဲ့ ဆက်သွယ်မှုတွေကိုလည်း ကျွန်တော်တို့ ရရှိနေပါတယ်၊ တည်းခိုရာဟိုတယ်တစ်ခုအဖြစ်ပဲ ရှိနေတာဖြစ်ပြီး ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါစေဖို့ ဆန္ဒပြုပါတယ်" လို့ အဆိုပါဝန်ထမ်းက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကတော့ လက်ရှိအချိန်ထိ ကူးစက်မှုမြင့်မားနေဆဲဖြစ်ကာ စပိန်ကလပ်ဗလန်စီယာအသင်းရဲ့ ကစားသမားငါးဦးလည်း ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ မန်စီးတီးနောက်ခံလူဟောင်းမန်ဂါလာနဲ့ အခြားနောက်ခံလူဂါရေးတို့ ပါဝင်နေတာဖြစ်ပြီး ဘောလုံးလောကအတွင်းမှာ တော်တော်လေးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ 


က္က