လီဝန်ဒေါစကီးက ဒီနှစ် ချန်ပီယံလိဂ်မှာ ၁၃ဂိုးအထိသွင်းထားပါပြီ။

ရော်နယ်ဒိုက ချန်ပီယံလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ၁၇ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူ ဖြစ်သလို ပြိုင်ပွဲသမိုင်းမှာ လည်း ဂိုးသွင်းအများဆုံးသူအဖြစ် ၁၃၀ဂိုးအထိသွင်းပြီး ထိပ်ဆုံးက ရပ်တည်နေသူပါ။

ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပြီဖြစ်တဲ့ ဘိုင်ယန်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဂျူဗင်တပ် တိုက်စစ် မှူး ရော်နယ်ဒိုရဲ့ စံချိန်တစ်ခုကို လိုက်မီဖို့ အနည်းငယ်သာလိုပါတော့တယ်။



အသက် ၃၁နှစ်အရွယ် လီဝန်ဒေါစကီးဟာ ချဲလ်ဆီးကို နှစ်ကျော့ပေါင်း ၇-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့် ရှုံးထွက်အဆင့်မှာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ထားနိုင်ကာ သွင်းဂိုးအားလုံးမှာပါဝင်ပတ်သက် ထားနိုင်သူပါ။

ဒါ့အပြင် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းနှင့်အတူ ၇ပွဲကစားထားကာ ၁၃ဂိုးအထိသွင်းယူထားနိုင်ပြီ ဖြစ်သလို ဒီ ကိန်းဂဏန်းက ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို ၂၀၁၃-၁၄ဘောလုံးရာသီက ရီးရဲမှာရှီစဥ် တစ်ရာသီ ၁၇ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ စံချိန်ကိုမီဖို့ ၄ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဗိုလ်လုပွဲကို ရောက်မယ်ဆိုရင် အနည်းဆုံး ၃ပွဲကစားရမှာ ဖြစ်ပြီး ဒါဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးအတွက် ၄ဦးထိသွင်းဖို့ အခွင့်အရေးတစ်ခု ဖြစ်နေပါတယ်။

“ရော်နယ်ဒိုရဲ့စံချိန်ကိုမီဖို့က ကျွန်တော့်ပန်းတိုင်မဟုတ်ပါဘူး၊ကျွန်တော့်အနေနဲ့ကတော့ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးရတာ ပျော်ပါတယ်။”လို့ လီဝန်ဒေါစကီးက BBC SPORTကို ပြောခဲ့ပါတယ်။

လီဝန်အနေနဲ့ ရော်နယ်ဒိုရဲ့ တစ်ရာသီ သွင်းဂိုး မှတ်တမ်းကို လိုက်မီကောင်း မိနိုင်ပေမယ့်လည်း ကစားသမားဘဝတစ် လျှောက်သွင်းထားတဲ့စုစုပေါင်း သွင်းဂိုး ၁၃၀ကိုတော့ မီဖို့ ၆၄ဂိုး လိုပါသေးတယ်။

လီဝန်ဒေါစကီးကတော့ ဒီရာသီ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၅၃ဂိုးထိ သွင်းယူပေးထားနိုင်ပြီး သူကစား ထားပေးထားတဲ့ ၄၄ပွဲမှာ ၃၆ပွဲက သွင်းဂိုးတွေ ရရှိထားတာ ဖြစ်ပြီး စုစုပေါင်းပွဲရဲ့ ၈၂ရာခိုင်နှုန်းမှာဂိုးသွင်းထားနိုင်သူပါ။

Share

Loading Next Article...
က္က