ဆွစ်ဇာလန်ကို ရော်နယ်ဒိုက ဟက်ထရစ်သွင်းခဲ့ပါတယ်။
Pyae Phyo Thein

အသက် (၃၄)နှစ်အရွယ်နဲ့ ဒီလို အဆင့်အတန်းမျိုးမှာ ကစားနေတယ်ဆိုတာက လေးစားမှုအများအပြားနဲ့ ထိုက်တန်ပါတယ်၊ လက်ရွေးစင်အသင်းမှာရော၊ ဂျူဗီမှာပါ သူက မယုံကြည်နိုင်လောက်တဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်၊ သူ့ကို ရပ်တန့်ဖို့ဆိုတာက ခက်ခဲခဲ့ပါတယ်" လို့ ရှာခါက ဝန်ခံသွားခဲ့ပါတယ်။


ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ တခြားကမ္ဘာက ရောက်လာသူတစ်ဦးဖြစ်တယ်လို့ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာခါက ထုတ်ဖော်ချီးကျူးခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင်မှာ ရှာခါက ပေါ်တူဂီကို အနိုင်ကစားမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်းကစားချိန်မှာတော့ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုအောက်မှာ ဆွစ်ဇာလန်အသင်း အရေးနိမ့်ခဲ့ရပါတယ်။



"ရော်နယ်ဒိုက ဒီကမ္ဘာကမဟုတ်ဘူး" လို့ ရှာခါက အသိအမှတ်ပြုချီးကျူးသွားခဲ့ကာ မက်ဆီကိုလည်း ထပ်တူချီးကျူးပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ (၅၃)ကြိမ်မြောက် ဟက်ထရစ်ကို ဆွစ်ဇာလန်နဲ့ပွဲမှာ ရယူနိုင်ခဲ့ပြီး ပေါ်တူဂီကို နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့အသင်းက အသင်းကောင်းတစ်သင်းပါ၊ ကျွန်တော့်အမြင်အရ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် သူတို့မှာ ရော်နယ်ဒိုရှိနေခဲ့တာက ကွာခြားချက်ဖြစ်ခဲ့ပါတယ်၊ သူက မယုံကြည်နိုင်စရာကစားသမားပါ၊ သူ မလုပ်နိုင်တဲ့အရာ ဘာမှမရှိသလို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်"

"သူက ဘယ်သူ ဘာလုပ်မလဲဆိုတာကို ကောင်းကောင်းသိပါတယ်၊ အဆုံးသတ်မှာတော့ သူက (၃)ဂိုးသွင်းယူခဲ့ပြီး ကျွန်တော်တို့အရေးနိမ့်ခဲ့ရပါတယ်၊ ကျွန်တော့်အမြင်မှာတော့ မက်ဆီရော၊ ရော်နယ်ဒိုပါ ဒီကမ္ဘာကမဟုတ်တဲ့ လူသားတွေပါ၊ အသက် (၃၄)နှစ်အရွယ်နဲ့ ဒီလို အဆင့်အတန်းမျိုးမှာ ကစားနေတယ်ဆိုတာက လေးစားမှုအများအပြားနဲ့ ထိုက်တန်ပါတယ်၊ လက်ရွေးစင်အသင်းမှာရော၊ ဂျူဗီမှာပါ သူက မယုံကြည်နိုင်လောက်တဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်၊ သူ့ကို ရပ်တန့်ဖို့ဆိုတာက ခက်ခဲခဲ့ပါတယ်" လို့ ရှာခါက ဝန်ခံသွားခဲ့ပါတယ်။

ပေါ်တူဂီကတော့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို အနိုင်ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နေးရှင်းလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လှပတဲ့ ဖရီးကစ်ကန်သွင်းချက်အပါအဝင် တိကျတဲ့ အဆုံးသတ်သွင်းဂိုးနှစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က