သွင်းဂိုးနဲ့ ဖန်တီးမှုအပိုင်းမှာ ပိုမိုသာလွန်နေခဲ့တာပါ။

ဆာလာအနေနဲ့ ရော်နယ်ဒိုရဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိခြင်းမရှိပေမယ့်လည်း ရာသီအလိုက်စွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်မှုမှာ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝမှတ်တမ်းထက် သာလွန်ကောင်းမွန်နေခဲ့တာကို Give Me Sport က ဖော်ထုတ်ပြခဲ့ပါတယ်။


လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ နာမည်ကျော်ကစားသမားရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝ အကောင်းဆုံးဘောလုံးရာသီထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲ ဆာလာက လိဒ်ယူနိုက်တက်အသင်းဘက်ကို ဟက်ထရစ်သွင်းယူကာ လီဗာပူးလ်အတွက် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ 

ဆာလာအနေနဲ့ ရော်နယ်ဒိုရဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိခြင်းမရှိပေမယ့်လည်း ရာသီအလိုက်စွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်မှုမှာ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝမှတ်တမ်းထက် သာလွန်ကောင်းမွန်နေခဲ့တာကို Give Me Sport က ဖော်ထုတ်ပြခဲ့ပါတယ်။ ဒီမှတ်တမ်းကြောင့် ဆာလာဟာ ရော်နယ်ဒိုထက် ပိုကောင်းမွန်တယ်လို့ ဆိုလိုတာမဟုတ်ကြောင်းနဲ့ နှိုင်းယှဉ်သုံးသပ်မှုတစ်ခုသာဖြစ်တယ်လို့လည်း ရေးသားခဲ့ပါတယ်။ 


ဆာလာဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ လီဗာပူးလ်အတွက် ၃၂ ဂိုးသွင်းယူကာ ၁၀ ကြိ်မ်ဖန်တီးပေးခဲ့ပြီး ၂၀၁၈-၁၉ မှာတော့ သွင်းဂိုး ၂၂၊ ဖန်တီးမှု ၈ ကြိမ်၊ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ သွင်းဂိုး ၁၉ ဂိုး၊ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ခဲ့ကာ စုစုပေါင်း ၇၃ ဂိုးသွင်းယူပြီး ဖန်တီးမှု၂၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ တွေ့ရှိရမှာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ ၂၀၀၆-၀၇ မှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်၊ ၂၀၀၇-၀၈ မှာ သွင်းဂိုး ၃၁ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်၊ ၂၀၀၈-၀၉ မှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၆၆ ဂိုးနဲ့ ဖန်တီးမှု ၂၀ ကြိမ်ရှိခဲ့ပါတယ်။ ဒါဟာ ဆာလာက ဂိုးသွင်းယူမှာရော၊ ဖန်တီးမှုအပိုင်းမှာပါ ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်နေတာကို သိသိသာသာမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့သလို ဆာလာကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြိးဖြစ်ကာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ၂နှစ်ဆက်တိုက်ဆွတ်ခူးထားမှုလည်း ပါဝင်နေခဲ့ပြီး ဒီရာသီမှာလည်း ဟက်ထရစ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် ပွဲစဉ် ၁ မှာပဲ မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 



က္က