Livescoreရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

ဘာစီလိုနာမှာ လက်ထောက်နည်းပြလုပ်ခဲ့ချိန်က အတောက်ပဆုံးကစားသမားရော်နယ်ဒို နာဇာရီယိုကသာ အကောင်းဆုံး ကစားသမားလို့ မော်ရင်ဟိုက ညွှန်းဆိုခဲ့တာပါ။

Livescore သတင်းဝက်ဘ်ဆိုဒ်ရဲ့ မေးမြန်းချက်တစ်ခုမှာတော့ မော်ရင်ဟိုက သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမားက ရော်နယ်ဒိုနာဇာရီယိုသာ ဖြစ်တယ်လို့ ဖြေကြေားပေးခဲ့ပါတယ်။



ဘရာဇီး ဂန္တဝင်ရော်နယ်ဒိုက အခု နာမည်ကြီးနေတဲ့ ရော်နယ်ဒိုရော မက်ဆီထက်ပါ ပိုကောင်းတယ်လို့ မော်ရင် ဟိုက ယုံကြည်ထားတာပါ။



“ ကျွန်တော်တို့ အရည်အချင်းနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ပြောနေတယ်ဆိုရင်တော့ ရော်နယ်ဒိုနာဇာရီယိုကို ဘယ်သူမှ မကျော်ဖြတ်နိုင်ပါဘူး။ဘော်ဘီရော့ဘ်ဆန်နဲ့အတူ ဘာစီလိုနာမှာရှိတုန်းကအခိုက်အတန့်ကတော့ ကျွန်တော့်ဘ၀ ကွင်းထဲက အကောင်းဆုံး ကစားသမားပါပဲ။” လို့ မော်ရင်ဟိုကပြောခဲ့ပါတယ်။

ရော်နယ်ဒို ဘာစီလိုနာမှာ အတောက်ပဆုံးအချိန်တွေဖြစ်တဲ့ ၉၆-၉၇ မှာ မော်ရင်ဟိုက ဘာစီလိုနာအသင်းမှာ လက်ထောက်နည်းပြလုပ်နေတာပါ။

“သူ့ဘဝကို ဒဏ်ရာကသတ်သွားတာပါ။ ၉၇ မှာသူက သူမတူတဲ့ခြေစွမ်းတွေ ပြနေပါပြီ။ မှတ်မှတ်ရရဆိုရင် ပီအက်စ်ဂျီနဲ့ ဘာစီလိုနာကစားတုန်းက သူသွင်းတဲ့ဂိုးကတော့ တစ်ကယ်လက်လှန်ပါပဲ။” လို့ မော်ရင်ဟိုက ပြောခဲ့ပါသေးတယ်။

မော်ရင်ဟိုက လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲပြီး တစ်နှစ်လောက် အသင်းလက်မဲ့ ဖြစ်နေပြီး ကမ်းလှမ်းတဲ့အသင်းတချို့ ရှိပေမယ့် သူကိုင်တွယ်ချင်တဲ့ အသင်းမဟုတ်လို့ ပယ်ချထားပါတယ်။

Share

Loading Next Article...
က္က