ရော်နယ်ဒိုကိုယ်တိုင် အသင်းပြောင်းလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။

နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဒီလစ်ဟာ အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ Sky Italia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဒီလစ်အတွက် အေဂျက်အသင်းကို ယူရိုသန်း ၇၀ ပေးချေရမယ်လို့ သိရပြီး အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီလစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ အေဂျက်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်နည်းပြသစ် ဆာရီရဲ့ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပြီး ဆာရီဟာ ပြီးခဲ့တဲ့အပတ်က အယ်လီဂရီရဲ့နေရာမှာ နည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့ရသူဖြစ်ပါတယ်။



ဒီလစ်က ယခုလအစောပိုင်းမှာ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာဖို့ ဖိတ်ကြားခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့ပါသေးတယ်။

“ကျွန်တော် ပထမတော့ သူ့ကို နားမလည်နိုင်ခဲ့ပါဘူး။ ကျွန်တော် နည်းနည်းတော့ အံ့အားသင့်သွားတယ်။ အဲဒါကြောင့် ကျွန်တော် ရယ်မောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး”

“ပွဲပြီးပြီးချင်းမှာ အဲဒီအပြောင်းအရွှေ့ကိစ္စကို ခင်ဗျား စိတ်ထဲမှာ ရှိနေမှာမဟုတ်ဘူးလေ။ ခင်ဗျား ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်နေမှာဖြစ်ပြီး ခင်ဗျား တွေးနေမယ့်တစ်ခုတည်းသော အရာက အဲဒါပဲ”လို့ NOS Television ကို ပြောကြားခဲ့ပါတယ်။

ဒီလစ်ဟာ အေဂျက်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁၈ ပွဲမှာ ၁၇ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး သွင်းဂိုး ၃ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အစမှာ ဒီလစ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ အသင်းဖော် ဖရန်ကီဒီဂျောင်အတိုင်း နူးကမ့်ကို လိုက်ပါပြောင်းရွှေ့မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က