နောက်ဆုံး ၄ ပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးမသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ ယနေ့ည(မြန်မာစံတော်ချိန်ကြာသပတေးနေ့နံနက် ၁ နာရီ ၁၅ မိနစ်)မှာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပေါ်တိုအသင်းအိမ်ကွင်း ဒရာဂိုကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုအတွက် ယနေ့ညပွဲစဉ်ဟာ ပေါ်တူဂီအသင်းအတွက် ပထမဆုံးပါဝင်ကစားပေးတဲ့ နေးရှင်းလိဂ်ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို Sky Sports ကဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှု

-ပေါ်တူဂီအသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ၁ ပွဲသရေ ၂ ပွဲရှုံံး ရလဒ်ပိုင်ဆိုင်ထားပါတယ်။




ပွဲကြိုအချက်အလက်များ

-ဆွစ်ဇာလန်အသင်းဟာ ပေါ်တူဂီအသင်းနဲ့ နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ ၃ ပွဲမှာ ၂ ပွဲအထိ အနိုင်ရရှိထားပြီး ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

-ဆွစ်ဇာလန်အသင်းဟာ ပေါ်တူဂီမြေမှာ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲစလုံးရှုံးနိမ့်ထားပြီး (ယူရို ၂၀၀၄ ပြိုင်ပွဲအပါအဝင်)၆ ပွဲရှုံး ၂ ပွဲသရေရလဒ် ရရှိခဲ့ပါတယ်။

-ပေါ်တူဂီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဥရုဂွေးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

-ပေါ်တူဂီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ ၁၅ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။(၁၆ ပွဲနိုင် ၁၂ သရေ ၂ ပွဲရှုံး)

-ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီအသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ တစ်ပွဲမှ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ ဂိုးကန်သွင်းမှု ၂၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၂ ဇွန်လနောက်ပိုင်း ၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခြင်းတော့မရှိသေးပါဘူး။


နှစ်ဖက်အသင်းသတင်းများ

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်အတွက် ကြီးမားတဲ့ဆုံးဖြတ်ချက် ချမှတ်ရမယ့်ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်က ယူရို ၂၀၁၆ ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမား ၈ ဦးသာ လက်ရှိလူစာရင်းမှာပါဝင်နေပြီး အလွန်ငယ်ရွယ်တဲ့ လူစာရင်းဖြစ်ပါတယ်။ ဂိုးသမား ရူူအီပက်ထရီစီယိုဟာ ပေါ်တူဂီအသင်းအတွက် ပွဲ ၈၀ မြောက် ပါဝင်ကစားပေးမှာဖြစ်ပြီး ၇၉ ပွဲမှာ ၄၆ ဂိုးသာ ခွင့်ပြုခဲ့ရတဲ့ဂိုးသမားဖြစ်ပါတယ်။ တိုက်စစ်ကို ရော်နယ်ဒိုက ဦးဆောင်လာမှာဖြစ်ပြီး တောင်ပံမှာ ဘာနာဒိုဆေးလ်ဗားနဲ့ ဘင်ဖီကာလူငယ်ကြယ်ပွင့် ဂျာအိုဖီလစ်တို့ ပွဲထွက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်အသင်းမှာတော့ ပေါ်တူဂီကို ယှဉ်ပြိုင်နိုင်လောက်တဲ့ ကြယ်ပွင့်ကစားသမားတွေမရှိပေမယ့် မြင်ဖူးနေကျမျက်နှာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းအတွက် နောက်ဆုံး ၄၁ ပွဲမှာ ၃၇ ပွဲ ပွဲထွက်ကစားပေးခဲ့တဲ့ မိုချန်ဂလာဘက်ဂိုးသမား ရန်ဆွန်းမား နောက်ထပ်တစ်ကြိမ် ပါဝင်လာမယ်လို့ သိရပြီး လစ်ချ်စတိန်နာကတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ တိုက်စစ်ကိုတော့ ရှာကွီရီက ဦးဆောင်လာမှာဖြစ်ပြီး ကွင်းလယ်မှာတော့ ဇာကာရီယာနဲ့ ဇာခါတို့ ၂ ဦးဦးဆောင်မှာဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က