လက်ကျန် ၂ပွဲအလိုမှာပဲ ဆွတ်ခူးခဲ့တာပါ။
Pyae Phyo Thein

အိမ်ကွင်းမှာ ဂျူဗီက ဖိဖိစီးစီးနဲ့ကစားခဲ့ပြီး ဆမ်ဒိုးရီးယားနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ရော်နယ်ဒိုက ပထမပိုင်းပြီးခါနီးမှာ အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဘာနာဒက်ခီက နောက်တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ဆမ်ဒိုးရီးယားအသင်းကို အိမ်ကွင်းမှာ ရော်နယ်ဒို၊ ဘာနာဒက်ခီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေဖလားကို ၉ နှစ်ဆက်တိုက်ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့ ၃၁ ဂိုးမြောက်သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပြီး ဘာနာဒက်ခီကလည်း ၂နှစ်နီးပါးအတွင်း ပထမဆုံးလိဂ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

နည်းပြဆာရီအတွက် နည်းပြဘဝပထမဆုံးအမှတ်ပေးဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ကျန် ၂ပွဲအလိုမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဂျူဗီအတွက် ကစားပေးခဲ့တဲ့ ၂ရာသီစလုံးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့လို့ ၉ နှစ်ကြာကစားခဲ့တဲ့ ရီးရဲလ်နဲ့အတူ လာလီဂါဖလား ၂ကြိမ်သာရရှိခဲ့တဲ့ မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။ 

အိမ်ကွင်းမှာ ဂျူဗီက ဖိဖိစီးစီးနဲ့ကစားခဲ့ပြီး ဆမ်ဒိုးရီးယားနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ရော်နယ်ဒိုက ပထမပိုင်းပြီးခါနီးမှာ အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဘာနာဒက်ခီက နောက်တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အတွက်တော့ ဒီတစ်ကြိမ် ဆုဖလားရရှိမှုက အခက်အခဲတွေအများအပြားရှိခဲ့ပြီး ခါတိုင်းနှစ်တွေထက် ပိုမိုရုန်းကန်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုကတော့ စီးရီးအေရွှေဖိနပ်ဆုအတွက် အကောင်းဆုံးအခြေအနေကိုရရှိခဲ့ပြီးမှ လာဇီယိုတိုက်စစ်မှူးအီမိုဘီလီက ခြေစွမ်းပြကာ ဂိုးတွေဆက်တိုက်သွင်းယူနေခဲ့လို့ သူတို့နှစ်ဦးကြားမှာ ၃ ဂိုးအထိကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ လက်ကျန် ၂ပွဲမှာ ရော်နယ်ဒိုအနေနဲ့ ရွှေဖိနပ်ဆုရရှိဖို့အတွက်ဆိုရင် တော်တော်လေးကို အားထုတ်ရမယ့် အနေအထားမျိုးမှာရှိနေခဲ့ပါပြီ။ 


Author


က္က