ရော်နယ်ဒိုရဲ့ ကြိုးစားမှုအပေါ် လေးစားမိတယ်လို့ ဖွင့်ဟခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်ပုံတွေကလည်း အနာဂတ်အားကစားလောကတစ်ခုလုံးက အားကစားသမားတိုင်းအတွက် အတုယူစရာဖြစ်တယ်လို့လည်း PSG ဥက္ကဌက France Football ကို ပြောပြခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌအယ်လ်ခီလိုင်ဖီက ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုအပေါ် သူဘယ်လောက်အထိလေးစားမှုရှိလဲဆိုတာကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ဒီလိုပြောဆိုမှုကြောင့် ပီအက်စ်ဂျီနဲ့ ရော်နယ်ဒိုတို့ကြား အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်လာဖွယ်ရာရှိနေပြီး အယ်လ်ခီလိုင်ဖီကတော့ သူတို့အသင်းအနေနဲ့ ကစားသမာကောင်းတွေကို အမြဲတမ်းစိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့ဖူးသူဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်နဲ့အတူ လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ဖို့အတွက် တူရင်ကိုရောက်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ထူးကဲတဲ့စွမ်းရည်ရှိသူလို့ အယ်လ်ခီလိုင်ဖီက ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်ပုံတွေကလည်း အနာဂတ်အားကစားလောကတစ်ခုလုံးက အားကစားသမားတိုင်းအတွက် အတုယူစရာဖြစ်တယ်လို့လည်း PSG ဥက္ကဌက France Football ကို ပြောပြခဲ့ပါတယ်။

"တစ်နှစ်ပြီးတစ်နှစ် သူကထူးခြားတာတွေကို ပြသနိုင်ခဲ့ပါတယ်၊ သူ့ရဲ့ထူးကဲတဲ့စွမ်းအားတွေလည်း ပါပါတယ်၊ နေ့တိုင်းမှာ တိုးတက်ချင်နေတဲ့ ဆန္ဒက သူ့ကို လှုံ့ဆော်ပေးနေပြီး သူ့အတွက် ကန့်သတ်မှုတွေရှိနေခဲ့တာတောင်မှ အဲဒီကန့်သတ်ချက်တွေကို သူကအမြဲတမ်းတွန်းလှန်ဖယ်ရှားပစ်နေတာပါ၊ သူ့ရဲ့ မဆုတ်မနစ်တဲ့ အလိုတော်ကို ကျွန်တော်လေးစားမိပါတယ်"

"သူက အနာဂတ်အားကစားသမားတွေအတွက်တော့ အကောင်းဆုံးစံနမူနာပြုရမယ့်သူပါပဲ" လို့ အယ်လ်ခီလိုင်ဖီက ပြောဆိုခဲ့ပါတယ်။ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းကတော့ ရော်နယ်ဒိုကို ခေါ်ယူဖို့ အရင်အချိန်တုန်းက စိတ်ဝင်စားခဲ့ဖူးပြီး အခြားသောနာမည်ကျော်ကစားသမားအများအပြားကိုတော့ ခေါ်ယူနိုင်ခဲ့ကာ ရော်နယ်ဒိုကိုတော့ ဆွဲဆောင်နိုင်မှုမရှိခဲ့ပါဘူး။ 

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗီအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲအထိကစားပေးထားပြီးဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ အကောင်းဆုံးပုံစံမှာ ရှိနေသေးတာဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၅ ဂိုးအထိပါ ရယူထားနိုင်ခဲ့ပါတယ်။ 




က္က