လေးလေးနက်နက်ပြောဆိုချီးကျူးခဲ့တာပါ။
Pyae Phyo Thein

ကမ္ဘာကျော်ကစားသမားအများအပြားနဲ့ လက်တွဲခွင့်ရရှိခဲ့တဲ့ ဇီဒန်းက ခရူးစ်ကို အခြားသောကစားသမားတွေနဲ့ မတူညီတဲ့ ပြောဆိုသုံးနှုန်းမှုမျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းဟာ အသင်းကွင်းလယ်လူတိုနီခရူးစ်နဲ့ပတ်သက်ပြီး တခုတ်တရချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ရီးရဲလ်နည်းပြဘဝမှာ ကမ္ဘာကျော်ကစားသမားအများအပြားနဲ့ လက်တွဲခွင့်ရရှိခဲ့တဲ့ ဇီဒန်းက ခရူးစ်က အခြားသောကစားသမားတွေနဲ့ မတူညီတဲ့ ပြောဆိုသုံးနှုန်းမှုမျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘိုင်ယန်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ခရူးစ်ဟာ အသင်းနဲ့အတူ လာလီဂါဖလား ၂ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဇီဒန်းကတော့ ခရူးစ်နဲ့ ၂၀၁၆ မှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားရဲ့ အရည်အသွေးအပေါ်မှာ ဇီဒန်းက အသိအမှတ်ပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

"လက်ဖျားခါလောက်စရာကစားသမားအဖြစ် သူ့ကို အမှတ်ရနေပါလိမ့်မယ်၊ သူကစားတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ၊ ကျွန်တော်အသင်းကို စရောက်ချိန်မှာ သူ့ကို နည်းပြအဖြစ်နဲ့ ကိုင်တွယ်ခွင့်ရလို့ တကယ်ပျော်ရွှင်ခဲ့ရပါတယ်၊ ဒါအမှန်တရားပါပဲ၊ ကျွန်တော်အနားယူချိန်မှာ ရော်နယ်ဒို၊ ဘေးလ် နဲ့ ရာမို့စ်၊ မိုဒရစ်တို့ကို ငါ လေ့ကျင့်ပေးနိုင်တယ်လို့ ပြောနိုင်ပါလိမ့်မယ်"

"ဒါပေမယ့် တိုနီခရူးစ်ကိုတော့ ကျွန်တော်နည်းပြတစ်ဦးအဖြစ်နဲ့ ကိုင်တွယ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ၊ နေ့တိုင်းမှာ သူ့ကို အထင်ကြီးစရာတွေနဲ့ မြင်တွေ့ခဲ့ရပြီး သူ ဘယ်လောက်ထိ ပရိုဆန်လဲဆိုတာ ကျွန်တော်သိပါတယ်၊ သူ့အကြောင်းပြောရတာကိုက ထူးခြားဆန်းပြားတဲ့ လူတစ်ဦးအကြောင်းကို ပြောနေရသလိုပါပဲ" လို့ ဇီဒန်းက TyC Sports ကို ပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က