မက်ဆီကတော့ နောက်ဆုံး ၉ နှစ်အတွင်း ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆု ၂၂၅ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုကတော့ ၁၂၅ ကြိမ်သာ ရရှိထားလို့ မက်ဆီက ရော်နယ်ဒိုထက် အကြိမ် ၁၀၀ တိတိ ပိုမို သာလွန်နေတာပါ။
၂၀၁၀-၁၁ ဘောလုံးရာသီက စတင်ပြီး လက်ရှိအချိန်ထိ လီယွန်နယ် မက်ဆီဟာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၂၂၅ ကြိမ် ထိ ရရှိထားပြီး ဒီစံချိန်က အဓိက ပြိုင်ဖက်ရော်နယ်ဒိုထက် အကြိမ် ၁၀၀ ပိုမို သာလွန်နေခဲ့တယ်လို့ Fox Sports Asia သတင်းဌာနက ဖော်ပြပါတယ်။ မက်ဆီက ၉ နှစ်အတွင်း ပွဲစဉ်အလိုက် အကောင်းဆုံးဆု(MOTM)ကို ၂၂၅ ကြိမ်ထိ ရရှိထားချိန်မှာ ရော်နယ် ဒိုကတော့ ၁၂၅ ကြိမ်သာ ရရှိထားတာပါ။
တတိယ နေရာမှာရပ်တည်နေသူကတော့ လက်ရှိ ရီးရဲအသင်းကို ချဲလ်ဆိးအသင်းကနေ ပြောင်းရွှေ့ရောက်ရှိနေတဲ့ ဟာဇက်က ရပ်တည်နေပြီး ဇလာတန် အီဗရာဟီမိုဗစ်၊နေမာနဲ့ဆွာရက်ဇ်တို့ကလည်း အဆင့်ဆင့် ရပ်တည်နေကြတယ်လို့ သိရပါတယ်။
အခုလို ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို အကြိမ်အများဆုံး ရရှိထားတာကတော့ မနှစ်က ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ဂိုး ၅၀ ကျော်သွင်းယူထားနိုင်တဲ့ မက်ဆီအတွက် ဘလွန်းဒီအောဆုရဖို့ အခြေအနေကောင်းတစ်ရပ် ဖြစ်နေခဲ့ပါတယ်။